မှော်ဘီမြို့နယ်တွင် တရားမဝင် ကျွန်းဆက်တီနှင့်တံခါးရွက်အပိုင်းအစများ ဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လက်ပံတန်းကျေးရွာအုပ်စု ရာအိမ်မှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂၇.၁၂.၂၀၁၃)ရက်နေ့ နံနက်(၀၀:၃၀)နာရီတွင် လက်ပံတန်းစုကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအနီး ဦးကြည်ဝင်း ရော်ဘာခြံမှ တရားမဝင်ကျွန်းဆက်တီအပိုင်းအစ(၆၃၁)ချောင်း(၀.၄၃၉၆)တန် တင်ဆောင်ထား သော ယာဉ်အမှတ်၊ ထ/၂၁၉၂(ဟိုင်းလတ်)နံ့သာရောင် ကား(၁)စီးနှင့် ယာဉ်အမှတ်၊ BB/၉၈၁၇ (နီဆန်း AD Van)အဖြူရောင်ကား(၁)စီး စုစုပေါင်း(၂)စီးတို့နှင့်အတူဖမ်းမိ၍ ယာဉ်မောင်းများ၊ ယာဉ်ပိုင်ရှင်များနှင့်တရားမဝင် ကျွန်းဆက်တီအပိုင်းအစပိုင်ရှင်တို့အား စုံစမ်းဖော်ထုတ်၍ သစ် တောဥပဒေပုဒ်မ ၄၃(က)အရလည်းကောင်း၊ (၂၇.၁၂.၂၀၁၃)ရက်နေ့၊ နံနက် (၄:၀၀) နာရီတွင် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၂၈/၃)တွင် တရားမဝင် ကျွန်းခွဲသား(၁၂၀)ချောင်း(၂.၁၀၅၈) တန်အား ယာဉ်အမှတ် ၉ခ/၆၂၂၅(ဟီးနိုး ကွန်တိန်နာဘောက် စ် ) ၁၀ ပေ အဖြူရောင်ကား နှင့်အတူဖမ်းဆီးမိ၍ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူများအား စုံစမ်းဖော်ထုတ်ပြီး သစ်တော ဥပဒေ ပုဒ်မ ၄၃(က)အရလည်းကောင်း၊ (၁.၁.၂၀၁၄) ရက်နေ့၊ နံနက်(၈:၃၀)နာရီတွင် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၂၅/၄) ရဲဘော်ဈေးမှတ်တိုင်အနီးမှ တရားမဝင်ကျွန်းတံခါးအပိုင်း အစ (၂၇၁)ချောင်း(၀.၃၁၅၈)တန်အား ယာဉ်အမှတ် ၉ခ/ ၆၃၆၆ (မီဆူဘီရှီ ပါဂျဲရိုး)ငွေရောင်အစိမ်း ပတ်နှင့်အတူဖမ်းဆီးမိ၍ယာဉ်မောင်းနှင့်တရားမဝင်ကျွန်းတံခါးရွက်အပိုင်းအစပိုင်ရှင်အား စုံစမ်း ဖော်ထုတ်ပြီး သစ်တောဥပဒေပုဒ်မ ၄၃(က)အရလည်းကောင်း အသီးသီးအရေးယူထားကြောင်း သတင်းရရှိပါသည်။