တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖမ်း ဆီးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ (၁၅-၁-၂၀၁၄)ရက်နေ့တွင် ပုသိမ်-မုံရွာကားလမ်းမိုင်တိုင် အမှတ်(၁၅၃/၀) ကြာအင်းရွာနှင့် ကြိုးကြာရွာအကြား (သူရဲတန်းဘိနယ်) နေရာမှ တရားမဝင် ကျွန်းတံခါးရွက်ဆိုဒ်စုံ (၄၆၄)ချပ်နှင့် ကျွန်းခွဲသားဆိုဒ်စုံ(၁၆၃)ချောင်း(၁၃.၂၈၆၄)တန်အား ယာဉ် အမှတ် ၅ခ/၉၁၄၉ Nissan ခေါင်းပြာ(၁၈)ဘီး၊ နောက်တွဲအမှတ် နတ-၁၀၁၃ Container (၂)လုံး နှင့်အတူ ဖမ်းဆီးရမိ၍ သစ်တောနည်းဥပဒေ ၉၉(ဂ)အရ ဘဏ္ဍာသိမ်းပြီး ပိုင်ရှင်အား စုံစမ်း ဖော်ထုတ်ပေးပါရန် ထုံးဘိုရဲစခန်း၌ တိုင်ချက်ဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုပြင် မူဆယ်ခရိုင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဝင်းနိုင် ပါဝင်သော ဝန်ထမ်း များနှင့် (၁၀၅)မိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း ဦးဆောင်သော OSS (Mobile
Team) အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၅-၁-၂၀၁၄) ရက်နေ့တွင် သတင်းအရ မူဆယ် (၁၀၅) မိုင် အေးရှားဝေါလ် တိုးဂိတ်အနီး မော်တောင်းဘိနယ်နေရာတွင် ယာဉ်အမှတ် 3B/3977 မတ်တူး(အဖြူရောင်)ပေါ်မှ တရားမဝင် မြွေမျိုးစုံ(လင်းမြွေ၊ မြွေပွေး၊ မြွေဟောက်)(၅၆၇)ကောင်၊ (၄၆၅)ကီလိုရှိ မြွေမျိုးစုံ(၄၁)အိတ်အား ပိုင်ရှင်မဲ့ ဖမ်းမိ၍ တရားခံအား ဖော်ထုတ်အရေးယူလျက် ရှိကြောင်း သတင်းရရှိပါသည်။