ပြည်နယ်/တိုင်းဒေသကြီးများနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင်တရားမဝင် သစ်များဖမ်းဆီးရမိ

(၂၉-၃-၂၀၁၄)ရက်နေ့မှ(၄-၄-၂၀၁၄)ရက်နေ့အထိပြည်နယ်/တိုင်းဒေသကြီးများနှင့်နေပြည် တော်ကောင်စီနယ်မြေတို့တွင် တရားမဝင်သစ် ဖမ်းဆီးရမိမှုများမှာ ကချင်ပြည်နယ်တွင် တရားမဝင်ကျွန်းသစ်(၀.၇၈၆၀)တန်၊ သစ်မာ(၁.၈၃၄၀)တန်၊ အခြားသစ်(၆.၉၅၂၀)တန်၊စုစုပေါင်း (၉.၅၇၂၀)တန်၊ ချင်းပြည်နယ်တွင် တရားမဝင်သစ်မာ(၂.၈၆၈၂)တန်၊ အခြားသစ်(၁.၃၆၈၄)တန် ၊ စုစုပေါင်း(၄.၂၃၆၆)တန်နှင့်တရားခံ(၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမဝင်ကျွန်းသစ် (၃၇.၀၉၇၀)တန်၊ သစ်မာ(၃၄၂.၀၈၄၂)တန်၊ အခြားသစ်(၃၁.၅၃၄၄)တန်၊ စုစုပေါင်း(၄၁၀.၇၁၅၆) တန်၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ ချိန်းဆော(၅)လက်၊ ဆင်စွယ်(၂) ချောင်း၊ သင်းခွေချပ်(၃၄)ပိဿာ၊ မီးသွေး(၄)တန်၊ ထင်း(၀.၁၃၂)တန်၊ စက်လှေ(၂)စီး၊ ယာဉ်(၁၆) စီးနှင့်တရားခံ(၁၆)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တရားမဝင်အခြားသစ်(၂၆.၆၅၆၆)တန်၊ ပဲခူးတိုင်းဒေသကြီးတွင် တရားမဝင်ကျွန်းသစ်(၃၄.၀၁၉၄)တန်၊ သစ်မာ(၄၁.၀၇၇၈)တန်၊ အခြား သစ်(၇၂.၁၂၆၇)တန်၊ စုစုပေါင်း(၁၄၇.၂၂၃၉)တန်၊ ကျွန်းတံခါးချပ်(၁.၂၉၄၄)တန်၊ အင်ဂျင်(၄)လုံး၊ လွှဝိုင်း(၃)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ မီးသွေး(၂.၉)တန်၊ ထင်း(၀.၄)တန်၊ လှည်း(၃)စီး၊ ယာဉ်(၇) စီးနှင့် တရားခံ(၂၃)ဦး ၊ မကွေးတိုင်းဒေသကြီးတွင် တရားမဝင်ကျွန်းသစ်(၂၂.၇၉၆၀)တန်၊ သစ်မာ (၁၃.၀၈၆၇)တန်၊ အခြားသစ်(၁၄.၄၀၅၃)တန်၊ စုစုပေါင်း(၅၀.၂၈၈၀)တန်၊ အင်ဂျင်(၂)လုံး၊ လွှဝိုင်း (၂)ဝိုင်း၊ ဆက်စပ်ပစ္စည်းများနှင့် တရားခံ(၆)ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင် ကျွန်း သစ် (၁.၂၅၅၂)တန်၊ သစ်မာ(၇၂.၄၀၇၆)တန်၊ အခြားသစ်(၁၄.၆၁၈၈)တန်၊ စုစုပေါင်း(၈၈.၂၈၁၆) တန်၊ ထင်း(၄.၀၄၇၂)တန်၊ သစ်စက်(၁)လုံး၊ လှည်း(၂)စီး၊ နွား(၄)ကောင်၊ ထော်လာဂျီ(၁)စီး၊ ယာဉ်(၇)စီးနှင့် တရားခံ(၁၈)ဦးတို့ ဖြစ်ကြပါသည်။ ထို့အတူ နေပြည်တော်ကောင်စီနယ်မြေတွင် တရားမဝင်ကျွန်းသစ်(၇.၄၉၉၀)တန်၊ သစ်မာ (၂.၀၃၀၀)တန်၊ အခြားသစ်(၉.၅၀၅၄)တန်၊ စုစုပေါင်း(၁၉.၀၃၄၄)တန်၊ မီးသွေး(၂.၂၄)တန်၊ အင်ဂျင်(၂)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ ယာဉ်(၁)စီးနှင့်တရားခံ(၃)ဦး၊ မွန်ပြည် နယ်တွင် တရားမဝင်သစ်မာ (၈.၀၉၄၀)တန်၊ အခြားသစ်(၄.၈၅၉၄)တန်၊ စုစုပေါင်း(၁၂.၉၅၃၄) တန်၊ စက်လှေ(၁)စီး၊ ယာဉ်(၁)စီးနှင့်တရားခံ(၄)ဦး၊ ရခိုင်ပြည်နယ်တွင် တရားမဝင်အခြားသစ် (၂.၀၂၀၆)တန်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင် ကျွန်းသစ်(၀.၉၂၆၂)တန်၊ အခြားသစ် (၃.၈၆၅၇)တန်၊ စုစုပေါင်း(၄.၇၉၁၉)တန်၊ ကျွန်းတံခါးအပိုင်းအစ(၀.၇၅၁၈) တန်၊ ဖြတ်စက်ခုံ(၁) ခုံနှင့် ယာဉ်(၄)စီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တရားမဝင်သစ်မာ (၅၄.၁၂၀၂)တန်၊ အခြား သစ်(၁၂.၉၂၇၂)တန်၊ စုစုပေါင်း(၆၇.၀၄၇၄)တန်၊ မီးသွေး(၄.၁၆၀)တန်၊ အင်ဂျင်(၁)လုံးနှင့်တရားခံ (၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တရားမဝင်ကျွန်းသစ်(၀.၆၆၀၀)တန်၊ သစ်မာ(၈၉.၀၂၅၄) တန်၊ အခြားသစ်(၂၂.၉၃၆၀)တန်၊ စုစုပေါင်း(၁၁၂.၆၂၁၄)တန်၊ လက်ကိုင်စက်လွှ(၁)လက်၊ ထော် လာဂျီ(၁)စီး၊ ယာဉ်(၁၁)စီးနှင့်တရားခံ(၁၆)ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တရားမဝင်သစ်မာ (၁၀.၆၆၄၂)တန်၊ အခြားသစ်(၂.၄၄၄၀)တန်၊ စုစုပေါင်း(၁၃.၁၀၈၂)တန်၊ ဧရာဝတီတိုင်းဒေသကြီး တွင်တရားမဝင်သစ်မာ(၀.၄၅၇၀)တန်၊ အခြားသစ်(၁၀၉.၂၃၁၀)တန်၊ စုစုပေါင်း(၁၀၉.၆၈၈၀) တန်၊ ကျွန်းတံခါးဆိုဒ်စုံ(၀.၃၆၅၆)တန်၊ ချိန်းဆော(၁)လက်၊ လက်ဆွဲစက်လွှ(၃)လက်၊ မီးသွေး (၁၃၆.၇၀၄၀)တန်၊ စက်လှေ(၁)စီး၊ ယာဉ်(၂)စီးနှင့်တရားခံ(၁၁)ဦးတို့ဖြစ်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ စုစုပေါင်းတရားမဝင်ကျွန်းသစ် (၁၀၅.၀၃၈၈)တန်၊ သစ်မာ(၆၃၇.၇၄၉၃)တန်၊ အခြားသစ်(၃၃၅.၄၅၁၅)တန်၊ စုစုပေါင်း(၁၀၇၈.၂၃၉၆)တန်၊ အင်ဂျင်(၁၀)လုံး၊ လွှဝိုင်း(၈)ဝိုင်း၊ စက်လှေ(၄)စီး၊ ယာဉ်(၄၉)စီးနှင့်တရားခံ(၁၀၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။