၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်း တရားမဝင် သစ်မျိုးစုံ(၉၂၈၈)တန်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အဖိုးတန်သစ်တောသစ်ပင်များ မပြုန်းတီးစေရန်နှင့် သစ်တောသယံဇာတ များကို ပြည်သူလူထုအတွက် ထိရောက်စွာအသုံးချနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ ကြိုတင်သတင်းရယူဖော်ထုတ်ခြင်း၊ စစ်ကြောင်းဖွဲ့၍ နယ်မြေရှင်းလင်းခြင်းတို့အား နိုင်ငံတစ်ဝှမ်းလုံးတွင်အချိန်နှင့်တပြေးညီ ပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ လက်ဝယ်ထားရှိခြင်းများနှင့် သယ်ယူရောင်းချခြင်းများအားလည်း ထိရောက်စွာဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်မှုများကြောင့် ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများ၏ တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်း ဖမ်းဆီးရမိမှု စုစုပေါင်းမှာ တရားမဝင် ကျွန်းသစ်(၁၂၄၆.၆၅၇၃) တန်၊ သစ်မာ(၃၅၀၀.၂၃၉၅)တန်၊ အခြားသစ်(၄၅၄၁.၃၇၃၈)တန်၊ စုစုပေါင်း သစ်(၉၂၈၈.၂၇၀၆) တန်၊ မီးသွေး(၅၂၁.၄၆၃၅)တန်၊ ကား(၂၄၆)စီး၊ မြေကော်စက်(၁)စီး၊ ထော်လာဂျီ(၁၀)စီး၊ ဆိုယ်ကယ်(၁၇)စီး၊ စက်လှေ(၂၂)စီး၊ စုစုပေါင်း ယာဉ်/ယန္တရား(၂၉၆)စီး နှင့် သစ်စက်/အင်ဂျင် (၂၈)လုံးတို့ဖြစ်ကြောင်း သတင်းရရှိ ပါသည်။