ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား ENVIRON Global ၏ မြန်မာနိုင်ငံအခြေစိုက် ENVIRON Myanmar Co., Ltd. မှ Principal Consultant and Director Ms. Virginia Alzina နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း (

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား ENVIRON Global ၏မြန်မာနိုင်ငံအခြေစိုက် ENVIRON Myanmar Co., Ltd. မှ Principal Consultant and Director Ms. Virginia Alzina နှင့်အဖွဲ့သည် ယနေ့ (၄-၆-၂၀၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးပါသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးတို့တက်ရောက်ကြသည်။ ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ENVIRON Myanmar Co., Ltd. မှ မြန်မာနိုင်ငံ အတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ မြို့ပြလူနေအဆောက်အဦများ တည်ဆောက် ရေး၊ စီးပွားဖြစ်စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုစက်ရုံများတည်ဆောက်ရေး လုပ်ငန်းနယ်ပယ်များ တွင် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (Environmental and Social Impact Assessment-EIA/SIA) လုပ်ငန်းများကို ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်း တင်ပြ ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တည်ဆဲပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပါ ပြဌာန်းချက် များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။

live football streaming

football streaming