ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

၁။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ
(က) နောက်ခံသမိုင်း
နိုင်ငံတော်အစိုးရသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင် (National Commission for Environmental Affairs-NCEA) ကို ၁၉၉၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။
ကော်မရှင်သည် ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ ချမှတ်ခြင်း၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ၂၁ ရာစုအစီအစဉ်နှင့် ၂၀၀၉ ခုနှစ်တွင် အမျိုးသားရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက် ရေးမဟာဗျူဟာချမှတ်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အရေးပါသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းများ (CBD, UNFCCC & Kyoto Protocol, Ozone, CITES, UNCCD, Stockholm, Ramsar  etc.) တွင်အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ယနေ့အထိမြန်မာနိုင်ငံသည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာသဘောတူညီချက် စုစုပေါင်း(၃၆)ခုတွင် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။
(ခ) ဖွဲ့စည်းမှုဆိုင်ရာ ဆောင်ရွက်ချက်များ 
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ၂၀၀၄ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ ၂၀၀၄ ခုနှစ်၊ ၂၀၁၁ ခုနှစ် တို့တွင် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ၊ လက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရေး အတွက် သစ်တောရေးရာဝန်ကြီးဌာနကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနအဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အမည်ပြင်ဆင် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန် များကို တာဝန်ယူဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအောက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ရုံးချုပ်ကို နေပြည်တော်၊ ရုံးအမှတ် (၅၃) တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ  ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာနရုံးများကို ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်တို့၌ လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးများကို ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
(ဂ) ဥပဒေ၊ နည်းဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ 
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြဌာန်းခဲ့ ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၀/၂၀၁၃) အစည်းအဝေးမှ သဘောတူခွင့်ပြု ခဲ့ပြီး၊ အဆိုပါ နည်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၃၇ နှင့် ၁၅၇ တို့အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ ပေးပို့တင်ပြထား ပါသည်။
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (မူကြမ်း) ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ တို့တွင် ရန်ကုန်မြို့၊ အပြည်ပြည် ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟိုဌာန၌ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ သိရှိနိုင်စေရန်နှင့် ၎င်းတို့ရဲ့ သဘောထား၊ အကြံပြုချက်များ ရရှိနိုင်စေရန်ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလုပ်ထုံးလုပ်နည်းကို ပြန်လည်ဖြည့်စွက် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ ပြဌာန်းပြီးနောက် ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
 
၂။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ
(က) မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ (၁၉၉၄)
ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးနွယ် ဆက်များ၏ အကျိုးငှာ သဘာဝသယံဇာတ ပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရေးသည်နိုင်ငံတော်နှင့်နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။  ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုကို ပဓာန ကျသော ရည်မှန်းချက်အဖြစ် ထာဝစဉ်ထားရှိရမည်ဖြစ်သည်။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ တာဝန်
ပုဒ်မ ၄၅။ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက် ရမည်။
ပုဒ်မ ၃၉၀။ (ခ) နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်းကိစ္စရပ်တွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်။
(ဂ) နိုင်ငံတော်သမ္မတ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒလမ်းညွှန်ချက်
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြောကြားသည့် နိုင်ငံတော်သမ္မတကြီး၏ မူဝါဒဆိုင်ရာ မိန့်ခွန်းတွင်- “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုအပ် ချက်ကို ဟန်ချက်ညီညီနဲ့ ထိန်းညှိဆောင်ရွက်ပေးမယ့် မူဝါဒတစ်ရပ်ကို ချမှတ်သွားမှာဖြစ် ပါတယ်။. ." ဟု ထည့်သွင်းမိန့်ကြားခဲ့ပါသည်။
၃။ EIA ၊ IEE အစီရင်ခံစာပြုစုခြင်းနှင့် EMP ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ
EIA အစီရင်ခံစာ ပြုစုခြင်းဆိုင်ရာကိစ္စရပ်
o ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ အပိုဒ် ၅၆
၅၆။ စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင် မှုကို ဆောင်ရွက်မည့် အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် မိမိ၏ စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင် မှုအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းကို ဝန်ကြီးဌာနက လက်ခံ သော အရည်အချင်း ပြည့်မီသည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း နှင့် ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ရမည်။
o ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ အပိုဒ် ၁။ (င)
(င) တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဆိုသည်မှာ စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ အစည်းသော်လည်းကောင်း၊ စိစစ်ခွင့်ပြုသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသော်လည်းကောင်း မဟုတ်သော အခြားပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
o ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း (မူကြမ်း) အပိုဒ် ၁၁
၁၁။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုသည် ဦးစီးဌာနတွင် လုပ်ငန်းလိုင်စင် လျှောက်ထားရမည်။ လုပ်ငန်းလိုင်စင်သက်တမ်း ကို တစ်ကြိမ်လျှင်(၃)နှစ်သတ်မှတ်သည်။
IEE အစီရင်ခံစာပြုစုခြင်းဆိုင်ရာကိစ္စရပ်
o ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း ပြုလုပ်ရန် သတ်မှတ်ထားသည့် စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားများကို ဆောင်ရွက်မည့် အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းကို မိမိ၏ စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုရှိ ကျွမ်းကျင်သည့် ပညာရှင်များဖြင့်ဖြစ်စေ၊ မိမိ အစီအစဉ် ဖြင့် ကျွမ်းကျင်သူ ပညာရှင်များအား ခေါ်ယူ၍ဖြစ်စေ၊ တတိယ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။ 
EMP အစီရင်ခံစာ ပြုစုခြင်းဆိုင်ရာကိစ္စရပ်
o ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲရန် သတ်မှတ်ထားသည့် စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားများကို ဆောင်ရွက်မည့် အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်းကို မိမိ၏ စီမံကိန်း၊ စီးပွားရေး လုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုရှိ ကျွမ်းကျင်သည့် ပညာရှင် များဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်သူပညာရှင်များအားခေါ်ယူ၍ဖြစ်စေ၊ တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။ 
၄။ EMP ရေးဆွဲခြင်းနှင့် EIA ၊ IEE အစီရင်ခံစာပြုစုရာတွင် လိုအပ်သည့် အချက်အလက်များ
(က) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲရာတွင် လိုအပ်ချက်များ
(၁) စီမံကိန်းအကြောင်းအရာ ဖော်ပြချက်၊
(၂) စီမံကိန်း၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ လိုအပ်ပါက ကျန်းမာရေးဆိုင်ရာ မူဝါဒ၊ ကတိ ကဝတ်၊ ဥပဒေဆိုင်ရာ လိုအပ်ချက်နှင့် ဖွဲ့စည်းမှု ဆိုင်ရာစီစဉ်ဆောင်ရွက်မှုများ၊
(၃) သက်ရောက်မှုများနှင့်လျော့နည်းစေရန် ဆောင်ရွက်ချက်အကျဉ်းချုပ်၊
(၄) အကြိုတည်ဆောက်မှုလုပ်ငန်းဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်စဲခြင်းနှင့် လုပ်ငန်းရပ်စဲပြီးကာလ ဟူသည့် စီမံကိန်းအဆင့်အလိုက် စီမံခန့်ခွဲမှုနှင့် စောင့်ကြပ်ကြည့်ရှုသည့် အစီ အစဉ်များ၊
 (ကက)အစီအစဉ်ခွဲအလိုက် ပါဝင်သည့်အကြောင်းအရာ၊
- ရည်ရွယ်ချက်များ၊
- ဥပဒေဆိုင်ရာလိုအပ်ချက်များ၊
- လွှမ်းခြုံမြေပုံကြီးများ၊ လုပ်ငန်းဌာနအလိုက်မြေပုံများ၊ ဓာတ်ပုံ များ၊ ကောင်းကင်ဓာတ်ပုံများ၊ ဂြိုလ်တုဓာတ်ပုံများ၊
- စီမံခန့်ခွဲမှုဆောင်ရွက်ချက်များ၊
- စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်များ၊
- အကောင်အထည်ဖော်မှုအချိန်ဇယား၊
- ရန်ပုံငွေလျာထားချက်နှင့် တာဝန်များ။
(ခခ) စီမံခန့်ခွဲမှုနှင့်စောင့်ကြပ်ကြည်ရှုသည့်အစီအစဉ်များ(ဥပမာများ)
- ကဏ္ဍအလိုက် အစီအစဉ်ခွဲများ။   လေအရည်အသွေး၊ ရေအရည် အသွေး၊ စွန့်ပစ်ပစ္စည်း၊ အသံ၊ အနံ့၊ ဓာတုပစ္စည်း၊ မြေတိုက်စား ခြင်းနှင့် နုန်းအနည်ကျခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ၊ လုပ်ငန်းဆိုင်ရာနှင့်  လူမှုအဖွဲ့အစည်းဆိုင်ရာကျန်းမာရေးနှင့် လုံခြုံရေး၊ ယဉ်ကျေးမှု အမွေအနှစ်၊ အလုပ်အကိုင်နှင့်လေ့ကျင့် သင်ကြားမှု၊
- လုပ်ငန်းခွင်အလိုက် သီးသန့်အစီအစဉ်ခွဲများ၊
(ဂဂ) အရေးပေါ်အစီအစဉ်။
 (ခ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) အစီရင်ခံစာ တွင် ပါရှိရမည့် အချက်များ
(က) စီမံကိန်းအကြောင်းအရာအသေးစိတ်ဖော်ပြချက်နှင့်အတူစီမံကိန်းအကြောင်းအရာ အကျဉ်းချုပ်၊ စီမံကိန်းဆိုင်ရာ အဓိကအချက်များ ဖော်ပြပါရှိသည့် သင့်လျော်သော စကေးဖြင့် ရေးဆွဲထားသော နေရာချထားမှုပုံစံပြမြေပုံများ၊ ဓာတ်ပုံများ၊ ကောင်းကင်ဓာတ်ပုံများ၊ ဂြိုလ်တုဓာတ်ပုံများ၊
(ခ) စီမံကိန်းအဆိုပြုသူ၏ အကြောင်းအရာဖော်ပြချက်နှင့်အတူ စီမံကိန်းအဆိုပြုသူ သည် လူပုဂ္ဂိုလ် တစ်ဦးချင်းမဟုတ်ဘဲ ကုမ္ပဏီ သို့မဟုတ် အခြားအဖွဲ့အစည်း ဖြစ်ပါက ပိုင်ရှင်နှင့် ဒါရိုက်တာများနှင့် စီမံကိန်းအရာရှိများ၏ အကြောင်းအရာ ဖော်ပြချက်၊ နေ့စဉ်စီမံဆောင် ရွက်မည့်ကိစ္စရပ်များနှင့် စီမံကိန်းအရာရှိများ၏ အကြောင်းအရာဖော်ပြချက်၊
(ဂ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ၏ မည်သည့်အပိုင်းတွင် မည်သည့် ကျွမ်းကျင်သူက တာဝန်ရှိကြောင်း အပါအဝင် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ဆောင် ရွက်သည့် ကျွမ်းကျင်သူများ၏ အကြောင်းအရာ ဖော်ပြချက်၊
(ဃ) သက်ဆိုင်ရာ ရုပ်ပိုင်း၊ ဇီဝပိုင်း၊ လူမှုရေး၊ လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အားလုံး၏ မြေပုံများအပါအဝင် စီမံကိန်းအနီးပတ်ဝန်းကျင်ရှိ ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေများ အကြောင်းဖော်ပြချက်၊
(င) ပတ်ဝန်းကျင်ဆိုးကျိုးသက်ရောက်နိုင်မှုများအား ဆန်းစစ်ချက်နှင့် ဖော်ပြချက် များ၊ ပတ်ဝန်းကျင်ဆိုးကျိုးသက်ရောက်နိုင်မှုများဆန်းစစ်ခြင်းဖော်ထုတ်ခြင်းများ နှင့် ၎င်းတို့ကို ဖော်ပြထားသည့် မြေပုံများ၊ ဓာတ်ပုံများ၊ ကောင်းကင်ဓာတ်ပုံများ၊ ဂြိုလ်တုဓာတ်ပုံများ အပါအဝင် ပတ်ဝန်းကျင်ဆိုးကျိုးသက်ရောက်နိုင်မှုများအား ဆန်းစစ်ချက် နှင့် ဖော်ပြချက်များ၊ 
(စ) အများပြည်သူသဘောထားရယူမှု သို့မဟုတ် အများပြည်သူပူးပေါင်းပါဝင် ဆောင် ရွက်မှုရလဒ်များနှင့် ယင်းလုပ်ငန်းစဉ်အတွင်းရရှိသော သဘောထားမှတ်ချက်များ အပေါ် စီမံကိန်းအဆိုပြုသူ၏ စာဖြင့် ရေးသားပြန်ကြားချက်၊
(ဆ) စီမံကိန်း၏ ဆိုးကျိုးသက်ရောက်မှုလျော့ပါးစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းကာ ကွယ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ၊
(ဇ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း၏ နိဂုံးသုံးသပ်ချက်၊
(စျ) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(၎င်းနှင့်ပတ်သက်သည့်လိုအပ်ချက်များကို အပိုဒ် ၅၃ (ဇ) တွင် အသေးစိတ်ဖော်ပြထားပါသည်။)
 (ည) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည့် အဖွဲ့၊ ပုဂ္ဂိုလ် နှင့် အသုံးစရိတ်လျာထားမှု။
(ဂ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာအတွက် လိုအပ်ချက်များ 
 
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်
 
 
 
 
အဆိုပြုစီမံကိန်းနှင့်စပ်လျဉ်း၍ နယ်ပယ်အတိုင်းအတာ သတ်မှတ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ
(က) လေ့လာမည့် နယ်မြေဧရိယာ၊ အကျိုးသက်ရောက်မည့် နယ်မြေဧရိယာ၊ အချိန် ကန့်သတ် ချက်၊ စီမံကိန်းအဆင့်နှင့် အကျိုးသက်ဆိုင်နိုင်သူများကို သတ်မှတ်ရမည်။
(ခ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် တည်ဆဲစည်းမျဉ်း၊စည်းကမ်းနှင့် စံချိန် စံညွှန်းများ၊ စီမံကိန်းဒီဇိုင်းရေးဆွဲမည့် အကြောင်းအရာများနှင့် ပြီးစီးရန်အချိန်များ ကို သိရှိ သဘောပေါက်ရန်  စတင်ဆောင်ရွက်ရမည်။
(ဂ) ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆောင်ရွက်ရာတွင် ဆက်လက်အထူးပြုလေ့လာရန် လိုအပ်မည့် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်များကို ချိန်ထိုး၍ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်နိုင်မှုများ၊ လိုအပ်ပါက ကျန်းမာရေး ထိခိုက်နိုင်မှုများကို ဖော်ထုတ်သတ်မှတ်ရမည်။
(ဃ) ဤအဆင့်တွင် မည်သည့် သတင်း အချက်အလက်ကိုမျှ အမှန် ကောက်ယူစုစည်းရန် မလိုအပ်သေးသော်လည်း လိုအပ်သည့် အခြေခံအချက်အလက်များ၊ သတင်းအချက် အလက်များနှင့် ယင်းတို့ကို မည်သို့ရယူရမည်ကိုသတ်မှတ်ရမည်။ 
(င) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း မစတင်မီ အတိုင်ပင်ခံများ၊  သက်ဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့အစည်းများ၊ စီမံကိန်းဖော်ဆောင်သူများ၊ အကျိုးသက်ဆိုင်သူနှင့် ထိခိုက်ခံစားရ သူများအား အဆိုပြုချက်နှင့်စပ်လျဉ်း၍ ယင်းတို့၏အမြင်နှင့်သက်ဆိုင်မှုများကိုဖော်ထုတ် တင်ပြခွင့်ရှိစေရမည်။
(စ) အချိန်၊ အရင်းအမြစ်၊ ကုန်ကျစရိတ်နှင့် ကြန့်ကြာမှုများ ချွေတာနိုင်သည့် ထိရောက်၍ ရှုထောင့်ပေါင်းစုံ ပါဝင်သည့် ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရမည်။
(ဆ) စီမံကိန်းကြောင့် ထိခိုက်ခံစားရနိုင်သည့် ပြည်သူများနှင့် စီမံကိန်းတွင် အခြားသက်ဆိုင် သူများကို ဖော်ထုတ်ရမည်။
အများပြည်သူသဘောထားရယူခြင်းနှင့် အများပြည်သူ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွင် ဆောင်ရွက်ရမည့်အချက်များ
(က) အဆိုပြုထားသည့်စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူနှင့် လူမှု အဖွဲ့အစည်းများက သိရှိနိုင်ရန် စီမံကိန်းနေရာများတွင် အများပြည်သူ မြင်တွေ့နိုင်သည့် ဆိုင်းဘုတ်များနှင့် ကြော်ငြာသင်ပုန်းများ ထင်ရှားစွာစိုက်ထူခြင်း အပါအဝင်  ပြည်တွင်း မီဒီယာများမှ ထုတ်ဖော်ခြင်း၊
 (ခ) ဒေသခံလူအဖွဲ့အစည်းများ၊ စီမံကိန်းကြောင့် အဓိကထိခိုက်ခံစားရမည့်သူများ၊ ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များနှင့် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးပွဲများကို ဝန်ကြီးဌာနက အကြံပြုသည့်အတိုင်း စီစဉ်ပြုလုပ်ခြင်း။
 
နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း အစီရင်ခံစာပြုစုရာတွင် ပါဝင်ရမည့်အချက်များ
(က) အစီရင်ခံစာအကျဉ်းချုပ်၊
(ခ) စီမံကိန်းနောက်ခံအချက်အလက်များ၊
(ဂ) မူဝါဒ၊ ဥပဒေဆိုင်ရာနှင့်အဖွဲ့အစည်းဆိုင်ရာ အကျဉ်းချုပ်၊
(ဃ) စီမံကိန်း အကြောင်းအရာဖော်ပြချက်နှင့် အခြားနည်းဆောင်ရွက်နိုင်မှုများ၊
(င) ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအချက်များနှင့် အခြားသက်ဆိုင်ရာအချက်အလက်များကို ဖော်ပြထားသည့် သင့်လျော်သော အချိုးအစားဖြင့် ရေးဆွဲဖော်ပြထားသည့် မြေပုံများ၊ ဓာတ်ပုံများ၊ ကောင်းကင်ဓာတ်ပုံများ၊ ဂြိုလ်တုဓာတ်ပုံများ၊
(စ) အဓိကဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ထိခိုက်မှုလျှော့ချရေးလုပ်ငန်းများ၊
(ဆ) အများပြည်သူ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အများပြည်သူသို့ ထုတ်ဖော်တင်ပြခြင်း၊
(ဇ) အကြံပြုချက်နှင့် နိဂုံး။
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် စုံစမ်းစစ်ဆေးရာတွင် ဆောင်ရွက်ရမည့်အချက်များ
(က) စီမံကိန်းအဆိုပြုသူသည် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် ဦးစီးဌာနက အတည်ပြု ထားသော လုပ်ငန်းတာ၀န်များနှင့်အညီ ဆိုးကျိုးသက်ရောက်မှုအားလုံးကို သင့်လျော်သော စုံစမ်းစစ်ဆေးမှု ပြုရမည်။
(ခ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် စုံစမ်းစစ်ဆေးရာတွင် ပတ်ဝန်းကျင်၏သက်ရှိဇီဝ ဆိုင်ရာ၊ ရုပ်ဝတ္ထုဆိုင်ရာ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ရှုခင်း ရှုကွက်အစိတ်အပိုင်းများနှင့်အတူ အကြိုတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ တည် ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ လုပ်ငန်းရပ်စဲခြင်း၊ ပိတ်သိမ်းခြင်းနှင့် လုပ်ငန်းပိတ်သိမ်း ပြီးနောက်ပိုင်း စသည့် စီမံကိန်း လုပ်ငန်းအဆင့်အားလုံး ဆောင်ရွက်စဉ်အတွင်း စီမံကိန်းကြောင့် ထိခိုက်ရသောမြေအသုံးချမှု၊ အရင်းအမြစ်အသုံးပြုမှု၊ မြေပိုင်ဆိုင်မှုနှင့် မြေနှင့် အခြား အရင်း အမြစ်ဆိုင်ရာအခွင့်အရေးတို့ အပါအဝင် ပတ်ဝန်းကျင်နှင့််သက်ဆိုင်သော ဥပဒေရေးရာကိစ္စများ ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ထို့ပြင် စီမံကိန်းမှပေါ်ပေါက်နိုင်သော ဆိုးကျိုးသက်ရောက် မှုများ၊ ထိခိုက်နိုင်မှုများနှင့် ကြွင်းကျန်သက်ရောက်မှုများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်း၊ လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်းနှင့် လိုအပ်ပါက ကျန်းမာရေးထိခိုက်မှု ဆန်းစစ်ခြင်း တို့ကို ဆန်းစစ်သုံးသပ်ရမည်။
(ဂ) စုံစမ်းစစ်ဆေးရာတွင် လိုအပ်သော အချက်အလက်များစုစည်းကောက်ယူခြင်း၊ နည်းပညာဆိုင်ရာ လေ့လာခြင်း၊ ပုံစံတွက်ချက်ထုတ်လုပ်ခြင်း၊ ကွင်းဆင်းတိုင်းတာခြင်း၊ ကွင်းဆင်းနမူနာ ကောက်ယူခြင်း၊ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခြင်း၊ စက်မှုပိုင်းဆိုင်ရာဒီဇိုင်းရေးဆွဲခြင်းနှင့် တွက်ချက်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရန် ညှိနှိုင်းတိုင်ပင်ခြင်းနှင့် ကြွင်းကျန်သက်ရောက်မှုများ သည် စံချိန်စံညွှန်းအတွင်းတွင်ရှိပြီး ဝန်ကြီးဌာန၊ အကျိုးသက်ဆိုင်သူများနှင့် ထိခိုက်ခံစားရသူ များက လက်ခံနိုင်မှုရှိကြောင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ခိုင်မာသည့် စာရွက်စာတမ်း အထောက်အထားများပါဝင်ရမည်။
(ဃ) စုံစမ်းစစ်ဆေးခြင်းတွင် အခြားဆောင်ရွက်နိုင်သောနည်းလမ်းများကို အနုစိတ်လေ့လာခြင်းလည်း ပါဝင်ရမည်။ ယင်းအနုစိတ်လေ့လာခြင်းတွင် အခြားဆောင်ရွက်နိုင်သော နည်းလမ်းအသီးသီး အကြောင်းဖော်ပြချက်၊ ဆိုးကျိုးသက်ရောက်မှုများအားဆန်းစစ်ချက်နှင့်နှိုင်းယှဉ်ချက်၊ လိုအပ် သည့်ဆိုးကျိုးလျော့နည်းစေသည့် အရေးယူဆောင်ရွက်မှုများနှင့် အခြားနည်းဆောင်ရွက်နိုင်မှု များ၏ ကြွင်းကျန်သက်ရောက်မှုများ ပါဝင်ရမည်။
(င) စီမံကိန်းအဆိုပြုသူသည်ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ ဝန်ကြီးဌာနကဖြစ်စေ အတည်ပြု ထားသော သက်ဆိုင်ရာ အမျိုးသားစံချိန်စံညွှန်းကိုလည်းကောင်း၊ သက်ဆိုင်ရာအမျိုးသား စံချိန်စံညွှန်းမရှိပါက အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းကိုလည်းကောင်း၊ သက်ဆိုင်ရာ အမျိုးသား စံချိန်စံညွှန်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်း မရှိပါက ဝန်ကြီးဌာနက သဘောတူထား သော စံချိန်စံညွှန်းများကိုလည်းကောင်း အသုံးပြုရန် သို့မဟုတ် လိုက်နာရန် သို့မဟုတ် ရည်ညွှန်းရန် တာဝန်ရှိသည်။ 
(စ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းတွင် စီမံကိန်းကြောင့် ထိခိုက်နိုင်သော အကျိုးသက်ဆိုင်သူ များ၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ သို့မဟုတ် စီမံကိန်းတွင် အကျိုးသက်ဆိုင်သူ များ၏ အမြင်၊ အလေးထားမှုနှင့် သဘောထားများကို ထည့်သွင်းစဉ်းစားရမည်။ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းတွင် ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာကိစ္စများအပေါ် ထိခိုက်ခံစား ရသည့် အများပြည်သူနှင့်ညှိနှိုင်း တိုင်ပင်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ၏ ရလဒ်များလည်း ပါဝင်ရမည်။ သက်ရောက်မှုများကို ဆန်းစစ်ခြင်း၊ ဆိုးကျိုးသက်သာလျော့နည်းစေသည့် အရေးယူဆောင်ရွက်ချက်များကို ဒီဇိုင်းရေးဆွဲခြင်းနှင့် စောင့်ကြပ်ကြည့်ရှုမည့် နယ်ပယ်ရွေးချယ် ခြင်းတို့တွင် အများပြည်သူ၏ သဘောထားများကို ထည့်သွင်း စဉ်းစားရမည်။
(ဆ) စီမံကိန်းအဆိုပြုသူသည် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် စုံစမ်းစစ်ဆေးခြင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အောက်ဖော်ပြပါတိုင်ပင်ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ရမည်-
(၁) အဆိုပြုစီမံကိန်း၊ ယင်း၏ဆိုးကျိုးသက်ရောက်နိုင်မှုများနှင့်သက်ဆိုင်သော သတင်း အချက်အလက်များကို အများပြည်သူနှင့် လူမှုအဖွဲ့အစည်းများသိရှိနိုင်စေရန် ဒေသ ဆိုင်ရာနှင့် နိုင်ငံပိုင်မီဒီယာများမှလည်းကောင်း၊ စီမံကိန်းအဆိုပြုသူ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်မှလည်းကောင်း၊ စာကြည့်တိုက်များ၊ ပြည်သူ့ခန်းမများ စသည့် အများပြည်သူဆိုင်ရာနေရာများမှလည်းကောင်း၊ စီမံကိန်း လုပ်ငန်းနေရာတွင် အများ မြင်သာအောင် ဆိုင်းဘုတ်များစိုက်ထူ၍လည်းကောင်း၊ အခြားသင့်လျော်သောနည်းလမ်း ဖြင့်လည်းကောင်း အချိန်နှင့်တစ်ပြေးညီ အများပြည်သူသိရှိနိုင်စေရန် လုံလောက်သော အချိန်ကာလတစ်ခု အထိ ထုတ်ဖော်ကြေညာခြင်း၊
(၂) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများပါဝင်သည့် အမျိုးသားအဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ကောင်စီနယ်မြေအဆင့်၊ ဒေသအဆင့် တိုင်ပင်ညှိနှိုင်း သည့် အစည်းအဝေးများ စီစဉ်ကျင်းပခြင်း၊
(၃) ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသဆိုင်ရာအစိုးရအဖွဲ့စသည်တို့ အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းခြင်း၊
(၄) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများအတွက် ကွင်းဆင်းလေ့လာရေး ခရီးစဉ်များ စီစဉ်ခြင်း။
 
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာပြုစုရာတွင်ပါဝင်ရမည့်အချက်များ
(က) အကျဉ်းချုပ်အစီရင်ခံစာ၊
(ခ) နိဒါန်း
(၁) စီမံကိန်းအဆိုပြုသူ၊ စီမံကိန်းဖော်ဆောင်သူ၏ တင်ပြချက်၊
(၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူမှုရေးကျွမ်းကျင်သူများ၏တင်ပြချက်၊
(၃) ကျန်းမာရေးအပေါ်ထိခိုက်စေနိုင်သည့်စီမံကိန်းလုပ်ငန်းများအတွက်ကျန်းမာရေး ကျွမ်းကျင်သူများ၏ တင်ပြချက်။
(ဂ) မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်
(၁) လိုအပ်ပါက ကုမ္ပဏီအဖွဲ့အစည်း၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေး ဆိုင်ရာ မူဝါဒ၊
(၂) တည်ဆဲပတ်ဝန်းကျင်ဆိုင်ရာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ အခြားပတ်ဝန်းကျင် နှင့်ဆက်စပ်သည့် တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်များနှင့် သဘောတူညီချက်များ၊ အပြည် ပြည်ဆိုင်ရာ စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များအပါအဝင် မူဝါဒနှင့် ဥပဒေမူဘောင်၊
(၃) အဖွဲ့အစည်းဆိုင်ရာမူဘောင်၊
(၄) စီမံကိန်း၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူမှုရေးဆိုင်ရာ စံချိန်စံညွှန်းများ။
(၅) ကျန်းမာရေးအပေါ်ထိခိုက်စေနိုင်သည့်စီမံကိန်းလုပ်ငန်းများအတွက်ကျန်းမာရေး ဆိုင်ရာ စံချိန်စံညွှန်းများ။
(ဃ) စီမံကိန်းအကြောင်းအရာဖော်ပြချက်နှင့် အခြားနည်းရွေးချယ်ခြင်း
(၁) စီမံကိန်း၏နောက်ခံအကြောင်းအရာ၊
(၂) စီမံကိန်းတည်နေရာ၊ စီမံကိန်းနေရာတစ်ခုလုံးကို ခြုံငုံဖော်ပြသည့် မြေပုံနှင့် လုပ်ငန်းခွင်အလိုက် နေရာချထားမှု မြေပုံများ၊
(၃) အခြားနည်းရွေးချယ်ဆောင်ရွက်နိုင်မှုများကိုနှိုင်းယှဉ်ဖော်ပြခြင်းနှင့်ရွေးချယ်ခြင်း၊
(၄) အကြိုတည်ဆောက်မှုလုပ်ငန်းဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်စဲခြင်းနှင့် လုပ်ငန်းရပ်စဲပြီးကာလ ဟူသည့် စီမံကိန်းအဆင့်အလိုက် ရွေးချယ်ထားသော အခြားနည်းဆောင်ရွက် နိုင်မှုများ အကြောင်းဖော်ပြချက်။
(င) အနီးပတ်ဝန်းကျင်အကြောင်းအရာများ ဖော်ပြချက်
(၁) လေ့လာမှုဆိုင်ရာ ကန့်သတ်ချက်များ သတ်မှတ်ခြင်း၊
(၂) နည်းလမ်းနှင့်ရည်ရွယ်ချက်၊
(၃) မြေမျက်နှာသွင်ပြင်မြေပုံ၊ ရေအရင်းအမြစ်ပြမြေပုံ၊ ဘူမိဗေဒမြေပုံ၊ မြေဆီလွှာ ပြမြေပုံများ၊ ဇလဗေဒဆိုင်ရာအချက်အလက်များနှင့် မြေပုံများ ပတ်ဝန်းကျင် အရည်အသွေးဆိုင်ရာ နှင့် ရာသီဥတုဆိုင်ရာ အချက်အလက်များ အပါအဝင် ရူပပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ၊
(၄) ဇီဝမျိုးစုံမျိုးကွဲမြေပုံ၊ သီးနှံစိုက်ဧရိယာမြေပုံများအပါအဝင် သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များ၊
(၅) မြေအသုံးချမှုပြမြေပုံ၊ လူဦးရေပြန့်နှံ့နေထိုင်မှုပြမြေပုံ၊ အခြားလူမှု-စီးပွားရေး အညွှန်းကိန်းများပြမြေပုံများအပါအဝင်လူမှု-စီးပွားဆိုင်ရာအကြောင်းအချက်များ၊
(၆) ယဉ်ကျေးမှုဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ အထင်ကရ နေရာများ ပါဝင်သည့်မြေပုံများအပါအဝင်ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များ
(၇) ရှုခင်းရှုကွက်နှင့် သုံးဘက်မြင်ပုံစံများအပါအဝင် မြင်ကွင်းဆိုင်ရာ အကြောင်း အချက်များ။
(စ) သက်ရောက်မှုနှင့်ထိခိုက်နိုင်မှုဆန်းစစ်ခြင်းနှင့်လျော့နည်းစေရေးလုပ်ငန်းများ
(၁) သက်ရောက်မှုဆန်းစစ်ခြင်းနည်းလမ်း၊
(၂) အကြိုတည်ဆောက်မှုလုပ်ငန်း ဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်စဲခြင်းနှင့် လုပ်ငန်းရပ်စဲပြီးကာလဟူ သည့်  စီမံကိန်းအဆင့်အသီးသီးအလိုက် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်း၊ ကာဗွန် စုပ်ယူသိမ်းဆည်းမှုများ လျော့နည်းစေခြင်းစသည့် ရာသီဥတု ပြောင်းလဲ မှုဆိုင်ရာ သက်ရောက်နိုင်မှုများ၊ အမျိုးသားအဆင့်တာဝန်ရှိ အဖွဲ့အစည်း သို့မဟုတ်  နိုင်ငံတကာသုတေသနသိပ္ပံ အဖွဲ့အစည်းများ၏ ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ခန့်မှန်းချက်များအပေါ်အခြေခံ၍ ရာသီဥတု ပြောင်းလဲမှုအပေါ် စီမံကိန်း၏ ဆိုးကျိုးသက်ရောက်မှုများအပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊ သက်ရှိဇီဝ ပိုင်းဆိုင်ရာ၊ လူမှုရေး၊ လူမှု-စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဆိုင်ရာနှင့် ရှုခင်းရှုကွက် များအပေါ် သက်ရောက်နိုင်မှုများကို ဖော်ထုတ်ခြင်း၊ လျော့နည်းသက်သာစေ သည့် အရေးယူဆောင်ရွက်ချက်များ ဆောင်ရွက်ခြင်း၊ ကြွင်းကျန် သက်ရောက်မှု များကို တိုင်းတာခြင်းနှင့် ဘက်စုံ စောင့်ကြပ်ကြည့်ရှုသည့် အစီအစဉ်ပြင်ဆင် ဆောင်ရွက်ခြင်း၊
(၃) ဆိုးကျိုးသက်ရောက်မှုများ ပေါ်ပေါက်ရာ ဇစ်မြစ်နေရာများ၊ ထိခိုက်ခံစားရသည့် နယ်မြေ၊ အများပြည်သူ၊ မတည်ပစ္စည်း သို့မဟုတ် သွင်ပြင်လက္ခဏာများ၊ ထိခိုက် လွယ်သည့် နေရင်းဒေသများ၊ ထိခိုက်လွယ်သည့် နယ်မြေ သို့မဟုတ် လူနေအိမ်ရာ များနှင့် သက်ရောက်မှုများ၏ သဘာဝတို့ကို သင့်လျော်သော အချိုးအစားဖြင့် ဖော်ပြသည့် သက်ဆိုင်ရာမြေပုံများ၊ ဓာတ်ပုံများ၊ ကောင်းကင်ဓာတ်ပုံများ၊ ဂြိုလ်တုဓာတ်ပုံများ၊
 
(ဆ) ဆက်စပ်သက်ရောက်မှုများကိုဆန်းစစ်ခြင်း
(၁) နည်းလမ်းသတ်မှတ်မှုနှင့် ချဉ်းကပ်မှု၊
(၂) ဆက်စပ်သက်ရောက်မှုဆန်းစစ်ခြင်း၊
(ဇ) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်
(၁) စီမံကိန်းအကြောင်းအရာ ဖော်ပြချက်၊
(၂) စီမံကိန်း၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ လိုအပ်ပါက ကျန်းမာရေးဆိုင်ရာ မူဝါဒ၊ ကတိ ကဝတ်၊ ဥပဒေဆိုင်ရာ လိုအပ်ချက်နှင့် ဖွဲ့စည်းမှု ဆိုင်ရာစီစဉ်ဆောင်ရွက်မှုများ၊
(၃) သက်ရောက်မှုများနှင့်လျော့နည်းစေရန် ဆောင်ရွက်ချက်အကျဉ်းချုပ်၊
(၄) အကြိုတည်ဆောက်မှုလုပ်ငန်းဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်စဲခြင်းနှင့် လုပ်ငန်းရပ်စဲပြီးကာလ ဟူသည့် စီမံကိန်းအဆင့်အလိုက် စီမံခန့်ခွဲမှုနှင့် စောင့်ကြပ်ကြည့်ရှုသည့် အစီ အစဉ်များ၊
 (ကက)အစီအစဉ်ခွဲအလိုက် ပါဝင်သည့်အကြောင်းအရာ၊
- ရည်ရွယ်ချက်များ၊
- ဥပဒေဆိုင်ရာလိုအပ်ချက်များ၊
- လွှမ်းခြုံမြေပုံကြီးများ၊ လုပ်ငန်းဌာနအလိုက်မြေပုံများ၊ ဓာတ်ပုံ များ၊ ကောင်းကင်ဓာတ်ပုံများ၊ ဂြိုလ်တုဓာတ်ပုံများ၊
- စီမံခန့်ခွဲမှုဆောင်ရွက်ချက်များ၊
- စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်များ၊
- အကောင်အထည်ဖော်မှုအချိန်ဇယား၊
- ရန်ပုံငွေလျာထားချက်နှင့် တာဝန်များ။
(ခခ) စီမံခန့်ခွဲမှုနှင့်စောင့်ကြပ်ကြည်ရှုသည့်အစီအစဉ်များ(ဥပမာများ)
- ကဏ္ဍအလိုက် အစီအစဉ်ခွဲများ။   လေအရည်အသွေး၊ ရေအရည် အသွေး၊ စွန့်ပစ်ပစ္စည်း၊ အသံ၊ အနံ့၊ ဓာတုပစ္စည်း၊ မြေတိုက်စား ခြင်းနှင့် နုန်းအနည်ကျခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ၊ လုပ်ငန်းဆိုင်ရာနှင့်  လူမှုအဖွဲ့အစည်းဆိုင်ရာကျန်းမာရေးနှင့် လုံခြုံရေး၊ ယဉ်ကျေးမှု အမွေအနှစ်၊ အလုပ်အကိုင်နှင့်လေ့ကျင့် သင်ကြားမှု၊
- လုပ်ငန်းခွင်အလိုက် သီးသန့်အစီအစဉ်ခွဲများ၊
(ဂဂ) အရေးပေါ်အစီအစဉ်။
(စျ) အများပြည်သူနှင့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် သတင်းအချက်အလက် ထုတ်ဖော်တင်ပြခြင်း၊
(၁) နည်းလမ်းသတ်မှတ်မှုနှင့် ချဉ်းကပ်မှု၊
(၂) ဆွေးနွေးညှိနှိုင်းမှုအကျဉ်းချုပ်နှင့် ဆောင်ရွက်သည့်လှုပ်ရှားဆောင်ရွက်မှုများ၊
(၃) ဆွေးနွေးညှိနှိုင်းမှုများ၏ ရလဒ်များ၊
(၄) ဆက်လက်ဆောင်ရွက်မည့်ဆွေးနွေးညှိနှိုင်းမှုများ၊
(၅) သတင်းအချက်အလက် ထုတ်ဖော်ချက်။
၅။ IEE ၊ EIA ၊ EMP  လုပ်ငန်းဆောင်ရွက်သည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ 
 
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ခံရရှိသည့် အစီရင်ခံစာပါ စာအုပ်များမှ IEE ၊ EIA ၊ EMP  လုပ်ငန်းဆောင်ရွက်သည့် ပြည်တွင်းရှိ အဖွဲ့အစည်းများစာရင်း
စဉ် အဖွဲ့အစည်းအမည် ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်းနံပါတ်
Resource and Environment Myanmar Ltd.
(REM), ဦးစိုးသူရထွန်း (MD)
Mobile: 095144005 B-702, Delta Plaza, Shwegondaing Rd.
Bahan, Myanmar
Tel: 09 73013448; Fax:  01 552901
 
Myanmar Sustainable Development Engineering Services Co., Ltd. (MSDES)
ဦးအောင်နန္ဒ (MD)
Mobile: 09516 0905 No.21 (I), U Kyaw Hla St., 7 Miles, Mayangone Tsp., Yangon, Myanmar
Tel: 0973175448,  655849
Mobile: 09516 0905; [email protected]
 
Royal Tree Services Co., Ltd
ဦးအေးသီဟ (MD)
Mobile: 092042233
            : 098613789 Building 7+1 D, Room 308, Parami Condo
Hlaing Township, Yangon, 11051, Myanmar
Tel: 09 421108946, 09421070714, 09448013159, 01 654857;
 
E Guard Services Co., Ltd 
ဦးအေးသီဟ (MD)
Mobile: 092042233
            : 098613789 Building 7+1 D, Room 308, Parami Condo
Hlaing Township, Yangon, 11051, Myanmar
Tel: 09 421108946, 09421070714, 09448013159, 01 654857; E-mail: [email protected]
 
Neo Tech Myanmar Company Limited
ဒေါက်တာဇင်မင်း
၀၉-၅၀၂၆၂၂၃ အမှတ် ၂၁၈၊ တပင်ရွှေထီးလမ်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ဖုန်း-၀၁-၅၈၄၁၂၆
 
Green Myanmar Environmental Services Co., Ltd
ဦးကျော်စိုးဝင်း (MD)
Mobile: 095081451 No. (115), Kanaung Min Thar Gyi Road, Hlainh Thar Yar Industrial Zone (1), Hlaing Thar Yar City, Yangon, MyanmarTel: 01 685572,Fax: 01 685571,E-mail: [email protected]; [email protected]; [email protected]
 
စဉ် အဖွဲ့အစည်းအမည် ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်းနံပါတ်
GEO-TECHNICAL COMMITTEE (U Aung Myat Kyaw – Consultant )/ U Aung Myat Kyaw and EIA Consulting Group အမှတ် (၁၇) ၊ ဗံဒါပင်လမ်း၊ ထီးတန်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့ ၊ ဖုန်း- ၀၉-၅၁၆၂၁၆၉
 
Total Business Solution Co., Ltd, ဦးမိုးမြင့်ကျော် (ဥက္ကဌ)
Mobile: 095036069 No 54, Room No. 704, WaizayartarTower, , Waizayartar Street, Thingangyun Township, Yangon, Tel: 01-604498, 09 401604493
 
National Engineering and Planning Services Co., Ltd (NEPS), ဦးချိုချို  (Executive Director), Mobile: 098635150 No (880), Yadana Street, Thingangyun Township, Yangon, Myanmar 
Tel: 01-562407,Fax:01-562407
 
၁၀ LIVE Environmental Assessment Group 
Dr. သန်းထွဋ်
Mobile: 095014535 Dr. သန်းထွဋ်၊ Dr. နေဝင်းဦး၊  
No (72), Bahp Street, Sanchaung Township
Tel: 09-5014535, Fax: 01-511650
 
၁၁ Myanmar Livestock Resources Development Research Team, (MLRD), Dr.ခင်လှိုင် (ဥက္ကဌ)
Mobile: 09 8503075 Corner of Bayint Naung Road and Set Hmu Say Wah Road, West Gyogone, Insein Township, Yangon
Tel: 01-644843,  Fax: 01-644041
၁၂ Earth Study and Nature Conservation , ဦးမျိုးထွန်း 
၀၉- ၄၇၁၀၄၈၇၈ အမှတ်(၇၂၃)၊ ဗိုလ်စိန်မှန်လမ်းနှင့် နဝရတ်(၂)လမ်း ထောင့်၊ (၄၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉- ၆၅၃၇၄၅၄, 
 
၁၃ Consultancy Services for Mineral Exploration and Development, ဦးဇော်ဝင်း (ဥက္ကဌ)
Mobile: 095036447 No.12A, (201) Dagon Lwin Street Myitta Nyunt Quarter, Tamwe , Yangon Tel: 01-545363, 09-5036447 [email protected]
 
၁၄ Yangon Technical Trading Co., Ltd., ဦးအာယု (MD) No. 531, Ye Tagun Tower Room No., (1104) Lower Kyeemyindaing Road, Ahlone Township, Yangon, Tel: o1-508232, 508233, 508234, 09- 2228885, Fax: 01-508071
 
စဉ် အဖွဲ့အစည်းအမည် ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်းနံပါတ်
၁၅ ကောင်းကျော်စေအင်ဂျင်နီယာ လုပ်ငန်းကုမ္ပဏီလီမီတက်
ဦးထွန်းနိုင်အောင် (ဥက္ကဌ) အမှတ်(၃၁) ပင်လုံရိပ်မွန် ၅ လမ်း၊ ပင်လုံရိပ်မွန်
သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း ၀၁ ၅၇၁၂၈၄၊ ဖက်စ် ၀၁-၅၇၁၂၈၄
၁၆ Asia Guiding Star Services
ဦးလင်းမြင့် (ဥက္ကဌ)
Mobile: 0973080745 No 83/5A,ဓမ္မစေတီလမ်း၊ စမ်းချောင်း
ဖုန်း- ၀၁ ၂၃၀၄၂၃၇၊ [email protected];
 
၁၇
Myanmar Engineering Society(MES)
U Win Khaing (President)
Mobile: 095002596 MES Building, Hlaing Universities Campus Road, Hlaing Township, Yangon, Myanmar
Tel: 01-519673
Fax: 01-519681
 
၁၈ Myanmar Environment Institute(MEI) University Campus, Hlaing Township, Yangon
Tel: 09-5003165
 
၁၉ Environment (Wunkyin) Myanmar Cooperative
ဒေါက်တာဝင်းမောင်
Mobile: 09 73128412 Aungchanthar Estae Building 2-005, Shwegondaing Road, Bahan Township, Yangon
09 500 3162, Fax: 01 527532
 
၂၀ Environment and Nature Conservation Association (EANCA). Dr. Thiri Htin Hla
Mobile: 095046322 No 3, 4th Floor, Malar Myaing 5th Street, 16th Ward, Hlaing Township, Yangon, Phone: 09 73044903; [email protected]
 
 
ပြည်တွင်း၌ IEE ၊ EIA ၊ EMP  လုပ်ငန်းဆောင်ရွက်သည့် ပြည်ပအဖွဲ့အစည်းများစာရင်း
စဉ် အဖွဲ့အစည်းအမည် ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်းနံပါတ်
Istech Energy EP-5 PTE Ltd 3 city Bank Building, 7th Floor, Banyardana Road, Minglar Taung Nyunt Township, Yangon, Myanmar, Tel: 01-8619298,Fax:01-8619298, E-mail: [email protected]; [email protected];
 
Oriental Consultants Company Limited 12-1,Honmachi 3-chome, Shibuya-ku, Tokyo,151-0071, Japan Tel: +81-3-6311-7570, Fax:+81-3-6311-8020, Room# 302, Capital hypermarket, No. 2 Yarzarthingaha Road, Dakhina Thiri Township, Nay Pyi Taw
National Engineering and Planning Services Co.,Ltd, Myanmar in Association with Norconsult, Norway
Knight Pie’sold Pty Limited Level 1, 184 Adelaide Terrace East Perth, WA 6004, AUSTRALIA, Ph: 61 9223 6300, Fax: +61 9223 6399
Environmental Resources Management 21/F Lincoln House, Taikoo Place, 979 King’s Road, Island East, Hong Kong, Ph: 852 22713000, Fax: 852 27235660, Email: [email protected]; http://www.erm.com
 
NIPPON KOEI (MYANMR KOEI INTERNATIONAL LTD) Head Office: No. 54, Pyay Road, 9th Mile, Mayangone Township, Yangon, Ph: 95-1-651696
Project Office: No. 1042, Waizayandar Road, South Okkalapa Township, Yangon, Ph/Fax: 95-1-579932, Email:[email protected]; [email protected];
 
International Environmental Management Co. Ltd. 8th Floor, The Fifth Building, 5 Soi Pipat, Silom Road, Bangrak, Bangkok 10500, Thailand, Tel: (662) 636 6395, Fax: (66-2) 236-6276, E-mail: [email protected]