ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးမြင့်မောင် အား အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်အရင်း အမြစ်ဗျူရိုမှ နိုင်ငံခြားအထောက်အပံ့ပေးအပ်ရေးစီမံကိန်းဆိုင်ရာ အဆင့်မြင့်အရာရှိ Mr. Levi White ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်တွေ့ဆု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်အရင်းအမြစ်ဗျူရိုမှ နိုင်ငံခြား အထောက်အပံ့ပေးအပ်ရေးစီမံကိန်းဆိုင်ရာ အဆင့်မြင့်အရာရှိ Mr. Levi White ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ ၁၀-၂-၂၀၁၅ ရက်နေ့၊ နေ့လည် ၁၄:၃၀ နာရီတွင် သစ်တောဦးစီးဌာနရှိ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန်ပြည်ထောင်စုမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနိုင်မည့် အလားအလာ၊ အမျိုးသားစွမ်းအင်ဆိုင်ရာ သစ်တောကဏ္ဍ မူ (၅) ရပ်ဖြစ်သည့် ရေနှင့် ရေအားလျှပ်စစ်အရင်းအမြစ်များအား ရေရှည်တည်တံ့စေခြင်း၊ ဇီဝလောင်စာ အရင်း အမြစ် သဘာဝတောများအား ထိန်းသိမ်းကာကွယ်ခြင်း၊ လောင်စာစွမ်းအင် အထောက် အကူပြု သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ထင်းအစားထိုးစွမ်းအင် အသုံးပြုခြင်း နှင့် စွမ်းအင်ထိရောက်စွာသုံးစွဲစေခြင်း၊ စွမ်းအင်ဆိုင်ရာ သုတေသနနှင့် ပညာပေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ အကောင်အထည်ဖော်မှု အခြေအနေ၊ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြဌာန်းခြင်းနှင့် အဖွဲ့အစည်းအင်အား ခိုင်မာတောင့်တင်းစေခြင်း တို့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြန်မာနိုင်ငံသည် Extractive Industries Transparency Initiative (EITI) အဖွဲ့ဝင် နိုင်ငံလောင်းဖြစ်သည့် အား လျော်စွာ သဘာဝသယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းခြင်း နှင့် ကျွန်းနှင့်သစ်မာ လျှော့ချထုတ်လုပ်မှု အခြေအနေ၊ သစ်တောကဏ္ဍမှ ရရှိသည့် အခွန် အခများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေမှုအခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် အတွေ့အကြုံ လိုအပ်မှု အခြေ အနေ တို့နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြကြောင်းသတင်းရရှိသည်။