မြန်မာနိုင်ငံကုန်းမြေနှင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး နှင့် သစ်တောလုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း - Collaboration in the Fields of Terrestrial and Marine Biodiversity Conservation and Forestry-related Activities in Myanmar

စီမံကိန်းအမည်- မြန်မာနိုင်ငံကုန်းမြေနှင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး နှင့် သစ်တောလုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း - Collaboration in the Fields of Terrestrial and Marine Biodiversity Conservation and Forestry-related Activities in Myanmar

စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - TCP

စီမံကိန်းဒေသ - မြန်မာနိုင်ငံ

အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (Fauna and Flora International- FFI)

စီမံကိန်းကာလ - ၃၁-၁၀-၂၀၁၇ မှ ၃၀-၁၀-၂၀၂၂ အထိ (၅)နှစ်

အကောင်အထည် ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် FFI ဆောင်ရွက်မည့် လုပ်ငန်းများ - နိုင်ငံအတွင်း ဦးစားပေးမျိုးစိတ်များ၊ ဂေဟစနစ်များ၊ သဘာဝ နေရင်းဒေသများနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းခြင်း အထောက်အကူပြု အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊  အဏ္ဏဝါနှင့် ကုန်းမြေပိုင်းဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများအား ကွင်းဆင်းလေ့လာခြင်းနှင့် မျိုးစိတ်များနှင့် ဂေဟစနစ်များ ထိန်းသိမ်းထားမှုကို ပြန်လည်သုံးသပ်ခြင်း၊ သဘာဝနယ်မြေများ သတ်မှတ်ခြင်းနှင့် စီမံအုပ်ချုပ်မှုကိုပံ့ပိုး ခြင်း၊  ဒေသခံများ အခြေပြု ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် စဉ်ဆက် မပြတ် ရန်ပုံငွေရရှိနိုင်သည့် နည်းလမ်းသစ်တို့ဖြင့် သဘာဝ နယ်မြေ စီမံခန့်ခွဲမှုနှင့် သဘာဝအရင်းအမြစ်များအား ရေရှည် တည်တံ့စွာ အသုံးချခြင်းတို့တွင် နည်းပညာပံ့ပိုးခြင်း၊  ဇီဝမျိုးစုံမျိုးကွဲများ၊ သစ်တောများထိန်းသိမ်းခြင်းနှင့်ကာကွယ် ခြင်း၊ အကဲဖြတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စီမံခန့်ခွဲမှုနှင့် သဘာဝအရင်းအမြစ်များအား ရေရှည်တည်တံ့စွာအသုံးချခြင်း တို့တွင် နည်းပညာများ ပံ့ပိုးပေးခြင်း၊  ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများကို ဥပဒေနှင့်အညီ စီးပွားဖြစ် အသုံးပြုနိုင်ရေးအတွက် စံပြနမူနာပုံစံငယ်များနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အပါအဝင် နည်းပညာအထောက်အပံ့၊ သင်တန်းနှင့် ပစ္စည်းများ ပံ့ပိုးပေး ခြင်းတို့ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အားပေးမြှင့်တင်ခြင်း၊  ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် အထောက်အကူပြုစေရန် သဘာဝနယ်မြေများနှင့် အနီးရှိဒေသခံများ၏ လူနေမှုဘဝ ရေရှည်ဖွံ့ဖြိုးရေးနှင့် ဒေသခံအခြေပြု ကမ်းရိုးတန်းဒေသ အရင်းအမြစ်များ စီမံခန့်ခွဲရေးတို့ တိုးတက်ဖြစ်ပေါ်ရေးကို ကူညီခြင်း၊  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်း၊ မျိုးစိတ်များ၊ ဂေဟစနစ် များနှင့် ဝန်ဆောင်မှုများကို ထိန်းသိမ်းခြင်းတို့အတွက် နိုင်ငံနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် မူဝါဒများ၊ မဟာ ဗျူဟာများနှင့် စီမံချက်များရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်းကို ပံ့ပိုးခြင်း၊  နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်း စီမံချက်နှင့် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ် များအား အကောင်အထည်ဖော်ခြင်းကို ပံ့ပိုးခြင်း၊  ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာသုတေသနဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ကူညီပံ့ပိုးခြင်း။

ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန သစ်တောဦးစီးဌာန ဖုန်း - ၀၆၇ ၄၀၅၀၀၂၊ ၄၀၅၃၉၇