မြန်မာနိုင်ငံသစ်တောကျောင်း ဝန်ထမ်းအိမ်ရာ၀င်းအတွင်း သန့်ရှင်းရေးများဆောင်ရွက်၊ လေ့ကျင့်ရေးသစ်တောဧက(၅၀၀) ရှိ စိုက်ခင်းစောင့်များအား ဆိုလာပြားများပေးအပ်

ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ဝန်ထမ်းအိမ်ရာ၀န်းအတွင်း နေထိုင်လျက်ရှိ သောဝန်ထမ်းများဖြင့်  ဝန်ထမ်းအိမ်ရာလိုင်းရှေ့မျက်နှာစာတွင် ပေါင်းပင်များခုတ်ထွင်ရှင်းလင်း ခြင်း၊ ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ ခြုံနွယ်ပင်များဖယ်ရှားရှင်းလင်းခြင်း၊ ရေဝပ်နေသော လုံးချင်းအိမ်ရာများအနီး ရေနုတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများကို ၇.၁၁.၂၀၁၈ ရက်နေ့နှင့် ၁၀.၁၁.၂၀၁၈ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ပါသည်။

            မြန်မာနိုင်ငံသစ်တောကျောင်းပိုင် လေ့ကျင့်ရေးသစ်တောဧက(၅၀၀)အတွင်း တာ၀န်ထမ်း ဆောင်လျက်ရှိသော စိုက်ခင်းစောင့်(၅)ဦးအတွက် ၎င်းတို့၏နေအိမ်တွင် အသုံးပြုရန် ဆိုလာပြား (၅)ခုကို ၁၀.၁၁.၂၀၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီး နှင့်အတူ တာ၀န်ခံဆရာများကသွားရောက်ပေးအပ်ခဲ့ပါသည်။ဆက်လက်၍ လေ့ကျင့်ရေးသစ်တောဧက(၅၀၀)အတွင်း ကော်ဖီပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပြီး အပင်သေဆုံးမှုမရှိဘဲ အပင်များရှင်သန်ကြီးထွားရေး အတွက် လိုအပ်သည်များဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

 

 

date: 
Monday, November 12, 2018 - 14:30