နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်ကျွန်း/ သစ်မာ/ အခြား/ ပိတောက်သစ်လုံး၊ ပိတောက်ခွဲသား၊ ပိတောက်ဓါးရွေ ၊ ယာဉ်(၁)စီးနှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၈.၈၁၆၈)တန်၊ သစ်မာ(၆၆.၁၈၄၆)တန်၊ အခြား(၆၄.၀၄၀၅)တန်၊ စုစုပေါင်း(၁၄၉.၀၄၁၉)တန်၊ တရားခံ(၃၅)ဦး၊ ယာဉ်/ ယန္တရား(၃၁)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်နေရာတွင် တရားမဝင်ပိတောက်သစ်လုံး (၁၀)လုံး(၁.၅၈၈၀)တန်၊ ပိတောက်ခွဲသား (၃၁)ချောင်း(၅.၉၄၃၈) တန်၊ ပိတောက်ဓါးရွေ  (၇၈)တုံး (၁၀.၀၇၆၂)တန်၊ ယာဉ်(၁)စီးနှင့်အတူ တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း။

date: 
Tuesday, November 13, 2018 - 13:15