ဦးခွန်လိန်း( ဖလမ်း မဲဆန္ဒနယ်)၏ ဖွံ့ဖြိုးရေးရန်ပုံငွေများကို မည်သည့်နေရာမှရရှိလာပြီး မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲနေသည်ကို ထင်သာမြင်သာရှိအောင် ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊မရှိ စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံ၏ တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် ချင်းပြည်နယ်သည် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ကို နိုင်ငံတော်မှ ဆင်းရဲနွမ်း ပါးမှုလျော့ချရန် ရရှိလာသော ဖွံ့ဖြိုးရေးရန်ပုံငွေများကို မည်သည့်နေရာမှ ရရှိလာပြီး မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲနေသည်ကို ဒေသခံပြည်သူများအနေဖြင့် လုံးဝမသိရှိပါကြောင်း၊ ယင်းကဲ့သို့သော ဒေသခံပြည်သူများ၏ နား၊ မျက်စိ ပိတ်မိနေရသည်ဟု မိမိအနေဖြင့်ယူဆမိပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၏ ဆင်းရဲ နွမ်းပါးမှုလျော့ပါးရေးအတွက် ယနေ့အထိ အစိုးရမှ ဆောင်ရွက်ပေးခဲ့သည့် စာရင်း ဇယားများနှင့် ကုန်ကျစရိတ်အရပ်ရပ်ကို ထင်သာမြင်သာရှိအောင် လမ်းဖောက်လုပ်ရေး၊တယ်လီဖုန်း တာဝါတိုင် တီဗွီ၊ စွမ်းအင်စသည်ဖြင့် လိုအပ်သည့်နေရာများတွင် မည်သို့သုံးစွဲသည်ကို မိမိတို့က သိခွင့်ရှိ/မရှိနှင့် ထင်သာမြင်သာ ရှိအောင် ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။ ချင်းပြည်နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရကိုယ်စား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ကူညီပြီးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ချင်းပြည်နယ် အစိုးရအဖွဲ့ကလည်း မိမိတို့နှင့်အတူ ပူးပေါင်းပြီးဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့သော အချို့အစိတ်အပိုင်းများ ကိုတင်ပြရမည်ဆိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ လက်ရှိကာလအထိ ကျန်းမာရေးကဏ္ဍအတွက် ငွေကျပ် ၁၅၃၂.၆၁ သိန်း၊ ပညာရေးကဏ္ဍ အတွက် ငွေကျပ် ၁၃၁၅ သိန်း၊ ရေအားလျှပ်စစ်မီးရရှိရေးအတွက် ၁၃၁၅ သိန်း၊ သောက်သုံးရေရရှိရေးအတွက် ၄၇၉ သိန်း၊ စိုက်ပျိုးရေရရှိရေးအတွက် ၂၆၆ သိန်း၊ လမ်းတံတားနှင့် အဆောက်အဦများ ပြုပြင်ဆောက်လုပ်ခြင်း အတွက် ငွေကျပ် ၉၄၄.၂ သိန်း၊ ပြန်ကြားရေးစာကြည့်တိုက်နှင့် တယ်လီဗွီရှင်းများ ပေးအပ်လှူဒါန်းခြင်းအတွက် ၈၂.၃၆ သိန်း၊ ဘာသာရေးနှင့် သာသနာရေး အတွက် ငွေကျပ် ၂၀၃.၅၇ သိန်း၊ အားကစားကဏ္ဍအတွက် ငွေကျပ်သိန်း ၁၂၀၊ မီးသတ်ကားနှင့် သမဝါယမရုံးပြုပြင်ခြင်း အတွက် ငွေကျပ် ၃၅ သိန်း၊ ကျေးရွာချင်းဆက်လမ်း ၃၉၇ မိုင် ၅ ဖာလုံ ဖောက်လုပ်ရန်အတွက် စုစုပေါင်း ကျပ်သိန်းပေါင်း ၅၄၆၇၈.၉၄ သိန်း၊ ပိုးစာပင် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမေရိကန် ဒေါ်လာ ၆၉၄၆၀ တန်ဖိုးနှင့်ညီမျှသော အပင်နှင့် ပံ့ပိုးကိရိယာများကို ပံ့ပိုးပေးခဲ့ပါကြောင်း၊ထို့အပြင် ချင်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း ပြည်နယ်လူထု၏တင်ပြချက်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ် များ၏ အကြံပြုချက်များအရ သက်ဆိုင်ရာ အင်ဂျင်နီယာများ၊ ကျွမ်းကျင်သူများနှင့် ြ ပည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စိစစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန် ကျပ်သိန်း ပေါင်း ၁၀၀၀၀ နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သိန်းပေါင်း ၂၀၀၀၀ ကို ကဏ္ဍအလိုက်ခွဲဝေထောက်ပံ့ပေးခဲ့ပါကြောင်း၊ ချင်းပြည်နယ်အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေးအတွက် စိုက်ပျိုးရေးအတွက် ငွေကျပ် ၁၇၄၆.၂၀ သိန်း၊ ပညာရေးအတွက် သိန်း ၂၀၀၀၊ ကျန်းမာရေးအတွက် သိန်း ၁၀၀၀၊ လမ်းပန်းဆက်သွယ်ရေးအတွက် ငွေကျပ်သိန်း ၁၂၀၀၊ ကျေးလက်စွမ်းအင် အတွက် ငွေကျပ်သိန်း ၁၃၀၀၊ လူနေမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ၂၇၅၃.၈၀ သိန်း၊ စုစုပေါင်းကျပ်ငွေ သိန်းပေါင်း ၁၀၀၀၀ကိုလည်းကောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးရေးအတွက် ငွေကျပ်သိန်း ၂၅၅၀၊ ပညာရေးအတွက် ငွေကျပ်သိန်း ၄၉၄၀၊ ကျန်းမာရေးအတွက် ငွေကျပ်သိန်း ၄၀၀၀၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် ငွေကျပ် ၂၉၅၂ သိန်း၊ ကျေးလက်စွမ်းအင်အတွက် ငွေကျပ်သိန်း ၁၇၅၀၊ လူမှုစီးပွား(ယဉ်ကျေးမှု၊ အားကစား၊ မီးသတ်၊ သောက်သုံးရေရရှိရေး) အတွက် ငွေကျပ် ၃၈၀၈ သိန်း၊ စုစုပေါင်းကျပ်သိန်း ၂၀၀၀၀ ကိုလည်းကောင်း အသုံးပြုခဲ့ပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော‌ရေးရာဝန်ကြီးဌာနနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ တို့ကထောက်ပံ့ပေးခဲ့သည့် ငွေကြေးနှစ်ရပ်စုစုပေါင်း ငွေကျပ် ၈၄၆၇၈ ဘီလီယံ ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် ထောက်ပံ့ပေးအပ်မှုများနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်သည် ပုံမှန်ကျင်းပ ပြုလုပ်သော ပြည်နယ်လွှတ်တော် အစည်းအဝေးများ၌ ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း မဲဆန္ဒရှင် ပြည်သူများအား ပြန်လည်အသိပေးနိုင်ရန် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းနှင့် သုံးစွဲငွေစာရင်းများကို မြို့နယ်အလိုက်၊ ပြည်နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များသို့ ဖြန့်ဝေပေးခြင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပြည်နယ်အတွင်း ကွင်းဆင်းသည့်အခါတိုင်းတွင် ပြည်သူများနှင့် တွေ့ဆုံပွဲများ၌ သက်ဆိုင်ရာမြို့နယ်များ အလိုက်ခွဲဝေချထားပေးသော အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးရန်ပုံငွေများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို ရှင်းလင်း အသိပေးခြင်း၊ ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခွဲဝေချထားပေးသော ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် သက်ဆိုင်ရာကျေးရွာမှ လုပ်ငန်း ကော်မတီနှင့် ကျေးရွာသားများကို လုပ်ငန်းငွေစာရင်းများနှင့်ပတ်သက်၍ ရှင်းလင်း အသိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ချင်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို အထက်ပါ ကျေးလက်ဒေဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါး မှုလျော့ချရေးထောက်ပံ့ငွေ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးထောက်ပံ့ငွေတို့ကို မြို့နယ်များတွင် ကဏ္ဍအလိုက်ခွဲဝေ ချထားပေးသောရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုအစီရင်ခံစာပြုစု၍ လွှတ်တော် အစည်းအဝေးကိုလည်း တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်းပေါင်း ၁၀၀၀၀ နှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်သူလူထုထံသို့ို ယခုနှစ်တွင် ဆောင်ရွက်မည့် အကြောင်းများ ကိုလည်းအသိပေးပြီးဖြစ်ပါကြောင်း၊ သီခြားအစီအစဉ်ဖြင့် အသုံးပြုပြီး ငွေစာရင်းများကို ထုတ်ပြန်ကြေငြာရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားပါသည်။