မြစ်ကြီးနားမြို့နယ်၊ နောင်တောင်းကျေးရွာအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄.၄.၂၀၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ နောင်တောင်းကျေးရွာ၊ တောစပ်အနီးမှ တရားမဝင် ကညင်/ကြေးလံသစ်လုံး (၂၁)လုံး (၂၆.၆၃၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 18, 2019 - 10:30