ဂွမြို့နယ်၊ လိပ်ခွံပျက်ချောင်းအတွင်း တရားမဝင် တောင်သရက်ခွဲသားများ ဖမ်းဆီးရမိ

၂၀-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ ဂွမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွချောင်းမကြီး လက်တက် ဒေသအခေါ် လိပ်ခွံပျက်ချောင်းအတွင်း တရားမဝင် တောင်သရက်ခွဲသား(၈၃)ချောင်း (၁၈.၀၉၁၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 22, 2019 - 15:15