ပြည်သူအခြေပြုကင်းလှည့်စနစ်ဖွဲ့စည်းခြင်းအထောက်အကူပြု SMART အခြေခံကင်းလှည့်ခြင်းနည်းစနစ်အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်ကျင်းပ

၂၁-၈-၂၀၁၉ ရက်နေ့၊ နံနက် ( ၀၈ : ၃၀ ) နာရီတွင် နေပြည်တော်၊ ရေးဆင်းရှိ သစ်တောသုတေ သနဌာန၊ စုဝေးခန်းမတွင် သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအပူပိုင်း ဒေသသစ်နှင့်ပတ်သက် သော အဖွဲ့အစည်း (ITTO) တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ''နယ်စပ် ဖြတ်ကျော်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း မှုမြှင့်တင်ရေး စီမံကိန်း” ၏ လုပ်ငန်းစဉ်တစ်ခုအဖြစ် “ပြည်သူ အခြေပြု ကင်းလှည့်စနစ်ဖွဲ့စည်းခြင်းအ ထောက်အကူပြု SMART အခြေခံကင်းလှည့်ခြင်းနည်းစနစ် အသုံးပြုခြင်းဆိုင်ရာသင်တန်း'' ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒနှင့်စီမံကိန်း ) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ သင်တန်းသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် သစ်တောသုတေသနဌာနမှ သစ်တောအရာရှိများ၊ သုတေသီများ၊ သင်တန်းဆရာများ၊ အမှုထမ်းများနှင့် သင်တန်းသား ( ၂၅ ) ဦး တက်ရောက်ကြပါသည်။“ပြည်သူအခြေပြုကင်းလှည့်စနစ်ဖွဲ့စည်းခြင်းအထောက် အကူပြု SMART အခြေခံကင်းလှည့်ခြင်းနည်းစနစ်အသုံးပြုခြင်းဆိုင်ရာသင်တန်း” အား အဖွဲ့အစည်းများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးမြင့်စေရေးအထောက်အကူပြုနိုင်စေရန်၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့် အခြေခံကင်းလှည့်ခြင်းနည်းစနစ်များအား ကွင်းဆင်းဝန်ထမ်းများကျွမ်းကျင်စွာတတ်မြောက်စေရန် နှင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိ သည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့်လုပ်ငန်းစီမံချက်များအား ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာရန် ဆိုသည့် ရည်ရွယ်ချက် ( ၃ ) ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ဖွင့်ပွဲတွင် သင်တန်းမှပို့ချလိုက်သော တက်ကျွမ်းတက်မြောက်လာတဲ့ အသိပညာများကို လက်တွေ့နယ်ပယ်အသီးသီးမှာ ထိထိရောက်ရောက်ပြန်လည်အသုံးပြုကြပါလို့ တိုက်တွန်းပြောကြားပါ သည်။

date: 
Thursday, August 22, 2019 - 11:00