ပုလဲမြို့နယ်၊ ပိတောက်ကုန်းကျေးရွာလမ်းခွဲအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပုလဲမြို့နယ်၊ ပိတောက်ကုန်းကျေးရွာလမ်းခွဲအနီးတွင် မော်တော်ယာဉ် (အမှတ်မပါ) အဖြူရောင်(၆)ဘီး A-6 အမျိုးအစား ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး/သစ်ယာခွဲသား (၂၇)ချောင်း (၄.၁၂၁၂)တန်အား ပိုင်ရှင်မတွေ့ရှိရဘဲ ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, August 22, 2019 - 14:30