ဆိပ်ဖြူမြို့နယ်၊ ထွန်-ရှားလှလမ်းအတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ထွန်-ရှားလှလမ်း၊ မိုင်တိုင်အမှတ်(၈/၃)နှင့် (၈/၄)ကြားနေရာတွင် မော်တော်ယာဉ်အမှတ်၊ ဓ/၁၈၆ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် သန်း/ဒဟတ်/တယ်/ဖျောက်ဆိပ်/နဘဲ/ကြောင်ထောက်/ကုက္ကို/ဘုံမဲဇာ/ချဉ်ယုတ်ခွဲသား(၄၆)ချောင်း (၅.၄၅၆၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 10:00