သာယာဝတီမြို့နယ်၊သုံးဆယ်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်များဖမ်းဆီးရမ

၁၀-၄-၂၀၂၀ ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူး ပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သာယာဝတီမြို့နယ်၊သုံးဆယ်ကြိုးဝိုင်းအကွက်အမှတ်(၁၁၂)အတွင်း တရားမဝင်ပျဥ်းကတိုးသစ်(၁၀)လုံး (၂.၇၂၈၀)တန်အား ဖမ်းဆီးစဉ်ပိုင်ရှင်မတွေ့ရှိဘဲဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 13:00