တိုက်ကြီးမြို့နယ်၊ ဥက္ကံတောင်နယ်မြေ၊ သပြေပင်ရေဆိပ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၄-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်ခ.လ.ရ(၈၂)၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်မှ ဗိုလ်ကြီးကျော်စွာဗိုလ်ပါတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ တိုက်ကြီးမြို့နယ်၊ ဥက္ကံတောင်နယ်မြေ၊ သပြေပင်ရေဆိပ် နေရာ၌ တရားမဝင်သံသေ/ဖက်ဝန်း/မှိုက်/ပျဉ်းမ/ဘိုင်/တောင်လက်ခုတ်သစ်(၃၁)လုံး(၉.၁၁၈)တန်နှင့် အခြားသားထင်း(၅.၃၈၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 14:15