ကလေးဝမြို့နယ်၊ မထုကြိုးဝိုင်းအတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၂-၄- ၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကလေးဝမြို့နယ်၊ မထုကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းခွဲသား (၅၄)ချောင်း (၁.၁၁၄၈)တန်၊ တရုတ်နိုင်ငံထုတ် CRAFTOPအမျိုးအစား အပြာရောင်ချိန်းဆောတစ်လုံးနှင့် STIHL -070 အမျိုးအစား လိမ္မော်ရောင်ချိန်းဆောတစ်လုံးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်ကျွန်းခွဲသားများအား ပလူဇဝကျေးရွာတာဝန်ခံထံတွင်အပ်နှံသိမ်းဆည်းပြီးဖြစ်ပါကြောင်းနှင့် ချိန်းဆော ၂ လုံးအား ကလေးဝမြို့နယ်သစ်တောရုံးသို့ သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 09:45