ကျွန်းစုမြို့နယ်၊ မင်းကြီးကျွန်းအနောက်ဘက်နေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၉-၄-၂၀၂၀ ရက်နေ့တွင် ဗိုလ်ကြီး အောင်ဖြိုးဝေ ဦးစီးသော စစ်ကြောင်းလှေ(၂)အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းကြီးကျွန်းအနောက်ဘက် (၁)မိုင်ခန့်အကွာနေရာမှ တရားမဝင်ကညင်/ရေမနေ/ဥဘန်/ကျွဲသွေး ခွဲသား (၁၁၉)ချောင်း (၇.၁၀၂၂)တန်၊ စက်လှေ(၁)စီး၊ အင်ဂျင်(၃)လုံး၊ ရေစုပ်စက်(၁)လုံး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 13:15