သာပေါင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ (ဒေသအခေါ်)တလဂူဂျော၊ နတ်စင်ကုန်းနေရာမှ တရားမဝင် တောင်သရက်/ ကညင်သစ်/ခွဲသား (၄၅)လုံး/ချောင်း (၁၂.၅၅၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 13:30