ပဲခူးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပျဉ်းမငူကျေးရွာအုပ်စု၊ အင်းဖာတောင်ကွင်း ဦးကျော်နိုင်ခြံအတွင်းမှ တရားမဝင်သစ် ပျဉ်းကတိုး/ကောင်းမှုခွဲသား(၃၂၃)ချောင်း (၆.၁၀၇၆)တန် အား သစ်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ နိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, April 27, 2020 - 10:15