ပန်းတောင်းမြို့နယ်၊ လက်ပံကျွန်းကျေးရွာ၏တောင်ဘက်(၂)မိုင်ခန့် အကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ လက်ပံကျွန်းကျေးရွာ၏တောင်ဘက်(၂)မိုင်ခန့် အကွာနေရာမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၆၇)ချောင်း (၁၃.၃၅၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ် သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 27, 2020 - 13:45