FDCCA စီမံကိန်းအကြောင်းအရာအကျဉ်းချုပ်

 

- ဒိန်းမတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ် (Denmark-Myanmar Country Programme Document 2016-2020) အား နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးခြင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ရက်စွဲဖြင့် ဆောင်ရွက်ခဲ့ပြီး ၎င်းသဘောတူညီချက်၏လုပ်ငန်းစဉ်များအနက် ဒိန်းမတ်သံရုံး နှင့် သစ်တောဦးစီးဌာနတို့အကြား ဒီရေတောစီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆက်လက်ဆွေးနွေးညှိနှိုင်း၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက် နေ့ရက်စွဲဖြင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး သဘောတူညီချက်တစ်ရပ်ကို (Development Engagement Document) လက်မှတ်ရေးထိုးခဲ့ပါသည်။ - အဆိုပါသဘောတူညီချက်အရ ကမ်းရိုးတန်းဒေသနေဒေသခံပြည်သူများ ရာသီဥတုပြောင်းလဲလာမှုနှင့် အညီ လိုက်လျောညီထွေစွာ ရပ်တည်နေထိုင်နိုင်ရေးနှင့် သစ်တောထွက်ပစ္စည်းများအပေါ် မှီခိုမှု လျော့နည်းလာစေပြီး အခြားဝင်ငွေရအလုပ်အကိုင်များ ဖြစ်ပေါ်လာစေရေးတို့အတွက် ဒီရေရောက် သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရန် ရည်ရွယ်၍ “ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူ လူထုက ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေရပ်တည် နေထိုင်နိုင်ရန်အတွက် ဒီရေ ရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းစီမံကိန်း (Climate Adaptation in Coastal Communities of Myanmar: Improved Management of Mangrove Forests)” ကို အကောင်အထည်ဖော်ဆောင်ရွက်သွားခြင်း ဖြစ်ပါသည်။ - စီမံကိန်းအမည် ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုက ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကိုစနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်း” (Climate Adaptation in Coastal Communities of Myanmar: Inproved Management of Mangrove Forests) - စီမံကိန်းဧရိယာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်နှင့် စစ်တွေခရိုင်၊ မြေပုံမြို့နယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်။ - စီမံကိန်းကာလ ၂၀၁၈ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ၅ နှစ် ဖြစ်ပါသည်။ - စီမံကိန်းရန်ပုံငွေ ဒိန်းအမတ်အစိုးရ၏ Clmate Change Envelop အစီအစဉ်အောက်မှ ဒိန်းမတ်ငွေကြေး (ဒိန်းမတ် ခရိုနော်) DKK ၃၅ သန်းနှင့် ညီမျှသော အမေရိကန်ဒေါ်လာ (၅.၅) သန်း ဖြစ်ပါသည်။ - အန္တိမရည်မှန်းချက် (Overall Outcome) ဒီရေတောများအား ရေရှည်တည်တံ့သည့်နည်းဖြင့် စီမံအုပ်ချုပ်လုပ်ကိုင်၍ ပင်လယ်ကမ်းရိုးတန်းနေ ဒေသခံပြည်သူများအတွက် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံရှင်သန်ရပ်တည်နှိုင်မှုစွမ်းရည် မြှင့်တင်ပေးရန် ဖြစ်ပါသည်။ - မျှော်မှန်းရလဒ် (၁) - ဒီရေတောများ စီမံအုပ်ချုပ်ရာတွင် သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာန/အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဒီရေတောထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ - မျှော်မှန်းရလဒ် (၂) - သစ်တောဦးစီးဌာန၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ် များ၏ အကူအညီဖြင့် ဒီရေတောများအား ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ ဖွဲ့စည်း တည်ထောင်ခြင်း၊ - မျှော်မှန်းရလဒ် (၃) - ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားခဲ့သော ဒီရေတောဧရိယာများတွင် ဒီရေတောများ ပြန်လည် ထူထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ - မျှော်မှန်းရလဒ် (၄) - ဒီရေတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖန်တီးပေးခြင်းဖြင့် ဒေသခံပြည်သူတို့၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကို ကြံ့ကြံ့ခံတုံ့ပြန့်နိုင်သည့် လုပ်ငန်းအစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ - စီမံကိန်းခရိုင်များ၌ ဒီရေရောက်သစ်တောကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင် ရွက်ရာတွင် စွမ်းဆောင်ရည်မြှင့်တင်ရန်ရည်ရွယ်၍ သစ်တောဦးစီးဌာန၊ ဆက်စပ်ဌာနများနှင့် အဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများအတွက် သင်တန်း (၆)မျိုးကို (၁၈)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ - သဘာဝဘေးအန္တရာယ်ထိခိုက်လွယ်မှုဆန်းစစ်ခြင်းကို စီမံကိန်းကျေးရွာ (၃၁)ရွာတွင် ဆောင်ရွက်ခဲ့ပြီး ရလဒ်များကို အစီရင်ခံစာများ ရေးသားထုတ်ပြန်ခဲ့ပါသည်။ - စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာနှင့် ကြီးကြပ်ရာတွင် အထောက်အကူပြုရန်အတွက် မော်တော် ကား (၂) စီး၊ Speed Boat (၂) စီး၊ Drone (၄) စုံ၊ GPS (၁၅) လုံး၊ ကင်မရာ (၄) လုံး၊ Laptop ကွန်ပျူတာ (၄) လုံးနှင့်ဆက်စပ်ပစ္စည်းများကို စီမံကိန်းဒေသများသို့ ဝယ်ယူဖြန့်ဝေထားပြီးဖြစ်ပါသည်။ - ကျောက်ဖြူခရိုင်တွင် အသိပညာပေးသစ်တောစခန်း (၁) လုံး (၆၂'×၅၆'×၃၄' RCC–၂ ထပ်) တည် ဆောက်ခဲ့ပြီး စစ်တွေခရိုင်တွင် တည်ဆောက်လျက်ရှိသော အသိပညာပေးသစ်တောစခန်းမှာ (၇၅%) တည်ဆောက်ပြီးစီးပြီဖြစ်ပါသည်။ - စီမံကိန်းကျေးရွာများတွင် ဒီရေတောထိန်းသိမ်းရေးဆိုင်ရာ တိုးချဲ့ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ - စစ်တွေခရိုင်တွင် ကြိုးပြင်ကာကွယ်တော (၃) ခု ၊ မြိတ်ခရိုင်တွင် ကြိုးပြင်ကာကွယ်တော (၂) ခု ဖွဲ့စည်း ရန် ပြည်ထောင်စုဝန်ကြီးရုံးသို့ တင်ပြထားပြီးဖြစ်ပါသည်။ ကျောက်ဖြူခရိုင်တွင် မင်းကြောင်းကြိုးပြင် ကာကွယ်တောအား (၁၇၆၂) ဧက တိုးချဲ့ဖွဲ့စည်းပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအား ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ - ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ တိုးချဲ့ပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ကျောက်ဖြူခရိုင် ၊ စစ်တွေခရိုင်နှင့် မြိတ်ခရိုင်တွင် အသုံးပြုသူများအဖွဲ့ စုစုပေါင်း (၁၂)ဖွဲ့ ဖွဲ့စည်းပြီး၊ တည်နေရာရွေးချယ်ခြင်း၊ ကျေးရွာသစ်တော ပျိုးဥယျာဉ် (၁၀) ခု တည်ထောင်ခြင်း ၊ ပျိုးပင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ - စစ်တွေခရိုင်၊ မြေပုံမြို့နှင့် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့တွင် ဓမ္မတာမျိုးဆက်ခြင်းနှင့် သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်းလုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ (၂၂၅) ဧက ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။ - စီမံကိန်းကျေးရွာ (၃၁)ရွာတွင် ကျေးရွာအဆင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်မြှင့်တင်ရေး စီမံ ချက်များ ရေးဆွဲခြင်းကို စီမံကိန်း၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီး အခြေစိုက် NGOs (၃)ဖွဲ့မှ ဆောင်ရွက်လျက်ရှိပါသည်။ - ဝင်ငွေတိုးအထောက်အကူပြုလုပ်ငန်းအနေဖြင့် စီမံကိန်းကျေးရွာများတွင် ကဏန်းမွေးမြူရေးခြံ (၁၂)ခြံ တည်ဆောက်ပေးခြင်းနှင့် ရေချိုရရှိရေးအတွက် ရေတွင်းရေကန် (၂)ကန်အား တူးဖော်ပေးခဲ့ပြီး စွမ်းအားမြှင့်မီးဖိုများအလုံးရေ (၂၂၀၀) ဖြန့်ဝေရန်အတွက် တင်ဒါခေါ်ယူပြီးစီးပြီး ဖြစ်ပါသည်။