သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ လက်ခုတ်ချောင်းအစုကြီးရွာအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ လက်ခုတ်ချောင်းအစုကြီးရွာအနီးမှ တရားမဝင် တောင်သရက်ခွဲသား (၁၇)ချောင်း (၅.၉၆၈၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, April 29, 2020 - 13:30