ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာ၏မြောက်ဘက်(၂)မိုင်ခန့်အကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပုသိမ်ကြီးမြို့ နယ်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော စစ်ကြောင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာ၏မြောက်ဘက်(၂)မိုင်ခန့်အကွာ ပေါက်အင်းဘုရားအနီးမှ တရားမဝင် သစ်အယ်/စကားဝါ (၁၁)လုံး (၄.၄၃၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 29, 2020 - 13:30