ရေတာရှည် မြို့နယ်၊ ကျောက်မဆင်-၂ ဘိနယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည် မြို့နယ်၊ ကျောက်မဆင်-၂ ဘိနယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်းသစ်လုံး/ခွဲခြမ်း/ လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း(၅၄)ချောင်း/ခြမ်း (၄.၁၀၆၀)တန်အား ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိ ပစ္စည်းများနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:45