လက်ပံတန်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီ ကြိုးဝိုင်းအကွက်(၅၅၊ ၆၁၊ ၆၂)နှင့် ကဒင်ဘီးလင်းကြိုးဝိုင်းအကွက်(၇၆၊ ၇၇)အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၁၂၆)လုံး/ချောင်း (၁၃.၉၉၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Friday, May 15, 2020 - 13:45