တန့်ဆည်မြို့နယ်၊ စိန်ကျေးကူကျေးရွာ၏ အရှေ့တောင်ဘက်(၃)မိုင်ခန့်အကွာ စီပဒုံချောင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ တန့်ဆည်မြို့နယ်၊ တောကျင်ဘိနယ်၊ စိန်ကျေးကူကျေးရွာ၏ အရှေ့တောင်ဘက်(၃)မိုင်ခန့်အကွာ စီပဒုံချောင်းအတွင်းနေရာများ မှ တရားမဝင် သစ်ယာ/သပြေသစ်ခွဲသား (၁၁၀)ချောင်း (၇.၅၆၂၂)တန် အား နောက်တွဲယာဉ်ပါ ထွန်စက်(၂)စီး၊ တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 11:30