ကလေးမြို့နယ်၊ မှန်တောရွာအရှေ့မြောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ကလေးမြို့နယ်၊ တောင်ပိုင်း၂ဘိနယ်၊ မှန်တောရွာအရှေ့မြောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/သစ်ယာ/အင်သစ်/ခွဲသား လုံးပတ်(၃) အောက် အင်သစ် စုစုပေါင်း (၃၄)လုံး/ချောင်း (၉.၅၂၄၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, May 25, 2020 - 12:45