ကြို့ပင်ကောက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ ကြို့ပင်ကောက်-အလယ်ကုန်းလမ်းမကြီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၊ ၁၄၄ ထုတ်ပြန်ထားရှိမှုအပေါ် လိုက်နာမှုရှိ/မရှိ စိစစ်ရေးအဖွဲ့မှ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်ရိုးအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ ကြို့ပင်ကောက်-အလယ်ကုန်းလမ်းမကြီးတွင် မော်တော်ယာဉ်အမှတ်(RA/3810)(၆)ဘီး ခေါင်းဖြူဝါကြားယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၃၂)ချောင်း (၃.၅၂၂၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 27, 2020 - 10:30