ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာအတွင်း တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာ(တောင်ဘက်ပိုင်း)ရှိ နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင်အင်ခွဲသား(၃၃၂)ချောင်း (၂.၈၀၃၈)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 29, 2020 - 10:45