ရေဖြူမြို့နယ်၊ ဇင်းဘာကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၆-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ (သတင်းတပ်ဖွဲ့)၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်၊ ဇင်းဘာကျေးရွာ၊ မိန်းမဘန်းချောင်းအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(စ/၈၂၇၂) HINO (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကဒွတ်ခွဲသား (၁၈)ချောင်း (၄)တန်တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 8, 2020 - 13:45