လွိုင်လင်မြို့နယ်၊ နမ့်စန်-လွိုင်လင်သွားကားလမ်းဘေးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းပြူတင်း/ တံခါးချပ်များ ဖမ်းဆီးရမိ

၇-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နမ့်စန်-လွိုင်လင်သွားကားလမ်းဘေး၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဟိုဦးကျေးရွာအထွက်နေရာ၌ မော်တော်ယာဉ်အမှတ် (SHN 7K/5016) Super Custom(၄)ဘီး ယာဉ်ပေါ်မှ တရားမဝင်ကျွန်းပြူတင်း/တံခါးချပ် (၈၄)ချပ် (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, June 10, 2020 - 11:15