ကန့်ဘလူမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ရွှေဘို- မြစ်ကြီးနားကားလမ်းမိုင်တိုင်အမှတ်(၄၃/၀)အနီး မော်တော်ယာဉ်အမှတ် (7A-7459) 4D အမျိုးအစား ဖြူ/ပြာကြား (၆)ဘီးယာဉ်(၁)စီးအပေါ်မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ အင်ကြင်း/ အင်/ ယမနေ/ သဒီခွဲသား (၄၂၅)ချောင်း (၆)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, June 16, 2020 - 13:15