ကနီမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၇-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် ကနီမြို့နယ်၊ ပင်ထောင်ကြိုးဝိုင်း အကွက်အမှတ်(၁၂) ဖလံပင်ချောင်းဖျား၊ လာပို့ကျေးရွာမှ စိုင်တဲသွားလမ်းဘေးနေရာအနီးဝန်းကျင် နေရာများ၌ တရားမဝင်ကျွန်း/ပိတောက်/ပျဉ်းကတိုး/အင်ကြင်း/နှော/ဂျီယုတ်သစ်/ခွဲသား (၅၁)ချောင်း (၃)တန်နှင့် နွား(၁၀)ကောင်၊ လှည်း(၆)စီး၊ တရားခံ(၆)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 6, 2020 - 13:45