ဆောမြို့နယ်၊ ကြီးကျေးရွာအနီးတရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၇-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ကြီးကျေးရွာအနောက်မြောက်ဘက်(၂)မိုင်(၃)ဖာလုံခန့်အကွာ ဒန့်ဒီးကြိုးဝိုင်းအကွက်အမှတ်(၂၆)အတွင်း တရားမဝင်ကျွန်းခွဲသား (၄၁)ချောင်း (၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 27, 2020 - 11:15