ပင်လည်ဘူးမြို့နယ်၊ ဝါးဘိုးချောင်းကျေးရွာတောင်ခြေမှ ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လည် ဘူးမြို့နယ်၊ ဝါးဘိုးချောင်းကျေးရွာတောင်ခြေတွင် မော်တော်ယာဉ်အမှတ်၊ (YGN-2M/2359)( Master၊ ၄-ဘီး၊အဖြူ ရောင်) ပေါ်မှ တရားမဝင် တမလန်းခွဲသား (၉)ချောင်း(၀.၄၉၃၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, August 4, 2020 - 15:30