လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ ၊ Oriental Highway Tollgate အနီးနေရာတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၈-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ ၊ Oriental Highway Tollgate အနီးနေရာ၌ မော်တော်ယာဉ်အမှတ် (MDY 5P/9610) Hyundai Starex (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ (၁၅)တုံး (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, August 10, 2020 - 11:15