သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ခလောက်ချကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၈-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၄)တပ်မတော်တန်းမြှင့်လေ့ကျင့်ကျောင်း၊ ဝဲကလိမှ ဒု-ဗိုလ်မှူးကြီးစိုးမင်းပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ခလောက်ချကျေးရွာလယ်ကွင်းအနီးနေရာ၌ တရားမဝင်ပိတောက်ခွဲသား (၇၄)ချောင်း (၉)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, August 18, 2020 - 11:45