လွိုင်ကော်မြို့နယ်၊ တွဲဖက်ရှားတောမြို့နယ်၊ ရှမ်းကယားနယ်စပ်တင်လွယ်ကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၈-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ ခမရ(၅၃၀)ဒုတိယဗိုလ်မှူးကြီး မြတ်မင်းသူ ဦးစီးသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ တွဲဖက်ရှားတောမြို့နယ်၊ ရှမ်းကယားနယ်စပ်တင်လွယ်ကျေးရွာ၏ မြောက်ဘက်(၁)မိုင်ခွဲ ခန့်အကွာနေရာ၌ တရားမဝင်ပိတောက်သစ်(၅၇၄)လုံး (၁၁၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, August 24, 2020 - 14:15