လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေ ဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်း အကွက်အမှတ်(၅၅)၊ (၅၆)၊ (၆၂)နှင့် (၆၃)အတွင်းတို့မှ တရားမဝင် ကျွန်းသစ်/ခွဲသား၊ ပျဉ်းကတိုးခွဲသား (၅၇)လုံး/ချောင်း (၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, August 28, 2020 - 16:00