မတ္တရာမြို့နယ်၊ ရှင်လှတောင်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ ရှင်လှတောင်ကျေးရွာ၏ တောင်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနေရာ၌ တရားမဝင်ကျွန်းသစ်(၁၃၁)လုံး (၈)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 7, 2020 - 11:15