ဗန်းမောက်မြို့နယ်၊ နန့်ခေါင်ဟူးကြိုးဝိုင်းအတွင်း တရားမဝင်ရွှေတူးဖော်နေမှုအား ဖမ်းဆီးရမိ

၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သတ္ထုတွင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ နန့်ခေါင်ဟူးကြိုးဝိုင်းအတွင်း တရားမဝင်အင်ဂျင်(၂၀)လုံး၊ ကျောက်ကြိတ်ခုံ (၆)လုံး၊ ဒိုင်နမို(၉)လုံး၊ အဲယားကွန်ဘက်ဆာ(၃)လုံး၊ လေအိုး(၂)လုံး၊ (၃)တန်ဝင့်(၁)လုံး၊ (၃)ကောင်မော်တာ (၁)လုံးပါဝင်သော တရားမဝင်ရွှေတူးဖော်နေသော တရားခံ(၁၀)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

date: 
Monday, September 14, 2020 - 10:00