မင်းကင်းမြို့နယ်၊ မြောင်းဇင်းရွာအနီးဝန်းကျင်နေရာများ၌ တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၂၃-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောင်းဇင်းရွာအနီး ပတ်ဝန်းကျင်နေရာများမှ သစ်စက်စပ်ဆက်ပစ္စည်း(၄)မျိုး၊ မီးစက်(၁)လုံး၊ ချိန်းဆော(၂)လုံး၊ တာယာဘီးတပ်လှည်း(၂)စီး၊ တရားမဝင်ကျွန်း/အင်/ကညင်သစ်/ ခွဲသား/ ခွဲခြမ်း (၄၀၇)လုံး/ချောင်း/ခြမ်း (၂၂.၆၂၇၆)တန်၊ (၃)ပေအောက်ကျွန်းသစ်(၅)လုံး (၀.၈၀၆၀)တန် စုစုပေါင်း (၂၃.၄၃၃၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 28, 2020 - 15:00