မင်းကင်းမြို့နယ်၊ ပိတ်ချင်းတောကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းသစ်တောဦးစီးဌာန မုံရွာမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ ပိတ်ချင်းတောကြိုးပြင်ကာကွယ်တောအတွင်း၊ စမြင်ရွာ အနီးတစ်ဝိုက်နေရာတို့မှ တရားမဝင် ကျွန်း/ သစ်ယာ/ ကညင်/ အင်/ သပြေ/ စကားဝါ သစ်/ ခွဲသား/ ခွဲခြမ်း (၁၂၁၄)လုံး/ချောင်း/ခြမ်း (၇၅.၇၆၃၄)တန်နှင့် တာယာဘီးတပ်လှည်း(၁)စီး၊ အင်ဂျင်(၂)လုံး၊ သစ်စက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, November 9, 2020 - 14:30