နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၅၁.၆၇၄၅)တန်၊ သစ်မာ (၂၇.၁၅၇၈)တန်၊ အခြား (၃၅၈.၆၂၉၀)တန်၊ စုစုပေါင်း(၄၃၇.၄၆၁၃)တန်၊ တရားခံ(၄၆)ဦး၊ယာဉ်/ယန္တရား(၃၂)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းဘိနယ်၊ မောင်းကုန်းကျေးရွာဆိပ်ကမ်း နေရာမှ တရားမဝင် ကညင်ခွဲသားဆိုဒ်စုံ (၁၁၉၁)ချောင်း(၇၄.၅၀၂၈)တန်၊ ကညင်ပကာ (၈၉၀) ချောင်း (၁၂.၇၇၁၀)တန်၊ ကျွန်းပါကေး (၃၇၅၀)ခု(၀.၈၇၇၅)တန်၊ ရေယာဉ် (၁)စီး၊ တရားခံ (၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, November 18, 2020 - 14:30