မြန်မာနိုင်ငံသစ်တောကျောင်း၊ သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုအား အတည်ပြုညှိနှိုင်း အစည်းအဝေး Virtual နည်းလမ်းဖြင့် ကျင်းပ

မြန်မာနိုင်ငံသစ်တောကျောင်း၊ သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုအား အတည်ပြုညှိနှိုင်း အစည်းအဝေး ကို ၁၁-၁၂-၂၀၂၀ ရက်နေ့ (သောကြာနေ့) ၊ နေ့လယ် (၂:၀၀) အချိန်တွင် Virtual နည်းလမ်းဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြေတိုင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ကိုယ်စားလှယ်(၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာ (၂)သင်တန်းအတွက် ပြင်ဆင်မွမ်းမံထားသည့် သင်ရိုးညွှန်းတမ်းအား ဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

date: 
Monday, December 14, 2020 - 10:30