ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းရွာအနီး၊ ဒေသအခေါ် သစ်ကျည်းပင်ချောင်အတွင်း တရားမဝင်အင်/ကညင်/သရက်/ရုံး/သစ်စေးသစ်/ခွဲသား (၃၆)လုံး/ ချောင်း (၁၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, December 15, 2020 - 14:30