မော်လိုက်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၆-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက်အမှတ်(၁၅)အတွင်း မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် ကညင်သစ် (၂၆)လုံး (၁၁.၅၂၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, December 21, 2020 - 12:45